အပိုင်း (၅၇) ဘာတွေဖုံးလို့ ဘာတွေဖေါ် -၁

53 3 6
                                    

#၅၇) ဘာတွေဖုံးလို့ဘာတွေဖေါ်-၁

#57)What is hidden,what is revealed ?
....................................................................
Translated to mm by AKM(MyinGyan)
....................................................................
ဂုံဗြုတ်ဆန်း၏ နောက်ကွယ်က လူသည်
လီဂျောင်မြောင် ဖြစ်နေချေသည်တကား...
ထိုလူငယ်မှာ ရှေးဟောင်းပစ္စည်းများဖြင့်
လူအများကို ရိုက်စားလုပ်ရန် ကြိုးစားခဲ့ဖူး
သူပင်တည်း..

မင်း..သူနဲ့လမ်းခွဲလိုက်တာ..မှန်လိုက်တာ..

ဘာရယ်..အဟင်း..အဲဒါက မှန်ကန်တဲ့ ရွေးချယ်မှုပဲလို့..ကျမထင်တယ်လေ..ဒါနဲ့..သူက အခု ဘာထပ်
လုပ်ပြန်ပြီလဲ..

လုပ်တော့မလုပ်သေးဘူး..လုပ်ဖို့ကြိုးစားနေတာလို့
ငါထင်တယ်..ကဲပါ..ဘာပဲဖြစ်ဖြစ်ပါ..ငါသိပြီ..သူ့ကို
ငါ့ဖုန်းနံပတ်ပေးလိုက်လေ..

ဟင်..မသိကျိုးကျွန် ပြုလိုက်လို့ မရဘူးလား..
ရှင့်အတွက် အကျိုးယုတ်မယ့် ကိစ္စပဲဖြစ်မှာရှင့်..

မဟုတ်ပါဘူး..ရင်ဆိုင်လိုက်တာက ပိုကောင်းပါ
တယ်..

အိုကေပါရှင်..အဲဒါဆို ရှင်..ပြောတဲ့အတိုင်းပဲလုပ်
လိုက်မယ်...ဆောရီးပါနော်..

ဟ..ဟ..မင်း..ဘာမှ တောင်းပန်းနေစရာမလိုပါဘူးကွာ..ကဲ.ဒါပဲ..ဒါပဲ..
ဟေးဂျင်သည် ဖုန်းချလိုက်သည်။ ယာအေးရင်
သည် သူ့ကို စိုက်ကြည့်နေပြီး ဘာကိစ္စလဲဆိုတာ
ကို ပြောပြသင့်တယ်လို့ သူမ၏မျက်လုံးများက
ပြောနေလေသည်။

ကျမက မေးရင်လည်း ရှင်ကပြောမှာမဟုတ်ဖူး..
ဟုတ်တယ်မဟုတ်လား..

ကျနော် ပြောလိုက်ရင် မင်းက မစ္စအွန်ဟေးကို
လှောင်မှာ စိုးရတယ်..

အိုးဟိုး..အဲဒါဆို..လှောင်စရာကိစ္စပေါ့..

မင်း..သိပြီးသားပါကွာ..ဘာလို့ မသိချင်ဟန်
ဆောင်နေရတာလဲ..

အိုး..ရှင်က ကျမထင်တာထက်ကို ဉာဏ်ပြေးသားပဲ..

ကဲ..ထားလိုက်ပါ...နေ့လည်စာ သွားစားကြစို့..

ယာအေးရင်က ဒိထက်ပိုပြီး ကလိနေမှာစိုး၍
ဟေးဂျင်တစ်ယောက် အဝေးသို့ လျှောက်ထွက်သွားသည်။ ထိုစဉ်ပင် သူ..တစ်ခုခုကို လှမ်းမြင်လိုက်
သည်။ သူ..အဲဒိနေရာသို့ လျှောက်သွားတော့
ယာအေးရင်သည် သူ့နောက်ကနေ အလောတကြီး
လိုက်လာသည်။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now