အပိုင်း(၂၂)ပန်းချီကားနှစ်ချပ်-၃

52 4 0
                                    

အပိုင်း(၂၂)ပန်းချီကားနှစ်ချပ်-၃
22..two painting -3
,.................................................................
ပန်းချီကားမှာ..ကျောက်ဆောင်တစ်ခုကို အခေါင်း
ပေါက်တစ်ပေါက်ဖောက်နေသော
ကျောက်ဆစ်သမားနှစ်ယောက်ပုံရေးဆွဲထားခြင်း
ဖြစ်သည်။ကျောက်ဆစ်သမားအငယ်မှာ..တူဖြင့်
ထုတော့မည့်ဟန်ပင်..ထိုလူငယ်မှာအင်္ကျီဝတ်မထားပေ..တခြားကျောက်ဆစ်သမားမှာအသက်ကြီးသူ
တစ်ယောက်ဖြစ်ပြီး..ဆောက်တစ်ချောင်းကိုကိုင်ကာ...အာရုံကိုနှစ်ထားသည်။

တိုက်တိုက်ဆိုင်ဆိုင်လို့ပြောရမည်ပင်..ထိုပန်းချီကားကို
ဆွဲသူပန်းချီဆရာမှာလည်း..ယန်းဒါရှို့ပင်တည်း..
ဟေးဂျင်သည်..မနေ့ကပင်..မှတ်တမ်းမတင်ရသေး
သည့်ယန်းဒါရှို့၏ပန်းချီကားတစ်ချက်ကိုတွေ့ခဲ့
ရသေးသည်။ယနေ့မှာတော့..အမျိုးသားပြတိုက်
မှာသာရှိသင့်သည့် ယန်းဒါရှို့၏လက်ရာအခြားကား
တစ်ကားကို..ကြည့်နေရပြန်သည်။

ဒီကားကြောင့်...ရှင့်ကိုဒီခေါ်လိုက်ရတာပဲရှင့်..
ဒါကိုကျမရခဲ့ပေမယ့်..ဒီကားက..အမျိုးသားပြတိုက်မှာရှိတဲ့ပန်းချီကားနဲ့အတူတူဖြစ်နေတယ်ရှင့်..
ဒါကြောင့်..ဒီနှစ်ကားမှာ..တစ်ကားကားက..အတုဖြစ်ရ
မယ်...ဒါပေမယ့်.ပြဿနာက...ကျမ
ရာဖြတ်တွေက..ဘယ်ဟာဆိုတာကိုမပြောနိုင်ပဲ
လက်လျော့သွားကြတယ်ရှင့်..

ထိုအခြေအနေကို..ဟေးဂျင်နားလည်နိုင်ပါသည်..
သို့သော်..ရာဖြတ်လုပ်သူတွေ..လက်လျော့ရတဲ့ကိစ္စမှန်ရင်..အရှုပ်အထွေးတစ်ခုခုရှိလို့သာပင်..

လက်လျော့သွားတယ်..ဟုတ်လား...
ဟုတ်တယ်ရှင့်..သူတို့အပြောကတော့..ပြတိုက် မှာ
ရှိတဲ့တစ်ခုကိုမကြည့်ရပဲ..ဒီကားတစ်ခုတည်းကြည့်ပြီး..ဘယ်ဟာအတုလည်းဆိုတာကိုဖေါ်ထုတ်
လို့မရနိုင်ဘူးဆိုပဲ....
ဟမ်း..ဒီကားကအစစ်ဖြစ်နေရင်ကော..ဘယ်လိုလဲ..ခင်ဗျားက..ပြတိုက်ကိုလှူမှာမို့လို့လား..

ရှေးဟောင်းပစ္စည်းအားလုံးကို..ပြတိုက် မှာသာ
ထားသင့်တယ်လို့တော့..ဟေးဂျင်မယူဆပါ..
သို့သော်..ပန်းချီကားအစစ်အဖြစ်နှင့်ပြတိုက် မှာ
ပြသထားသည့်ကားတစ်ကားရှိနေနှင့်ပြီးသားကိုမှ..
အခြားတစ်နေရာတွင်ရောင်းချသည့်ပန်းချီကားမှာ
အစစ်ဖြစ်တယ်လို့..မဏ္ဍပ်တိုင်တက်ပြလာမှာကိုတော့..ဟေးဂျင်ခွင့်မပြုနိုင်ပါ..

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now