အပိုင်း(၆၉)အာရေဗီယံတော်ဝင်မင်းသား-၂

26 3 1
                                    

#၆၉) အာရေဗီယံတော်ဝင်မင်းသား-
#69)Deal with an Arabian Prince-1
...................................................................
Translated to mm by AKM(MyinGyan)
....................................................................
ရှေးဟောင်းပစ္စည်း ကြားပွဲစားများသည် မြိုးမြိုး
မြက်မြက် ရနေသည်မှာ အတော်ကြီးကို
ကြာပါပြီ။ သူတို့သည် ဂိုင်ဒါစစ်တွေလို အဖိုးတန်ပစ္စည်းများကို အနိမ့်ဈေးနှင့်ဝယ်ပြီး အများကြီး
အမြတ်တင်၍ ပြန်ရောင်းချသူများဖြစ်ပါသည်။
ဒီအပြင်အခြားသူတွေရဲ့ ပစ္စည်းများကိုလည်း
ယူကာ ဈေးမြှင့် ရောင်ချတက်ကြပါသည်။

ပစ္စည်းရောင်းပေးချရန် အပ်နှံလာသည့်အခါ
သူတို့ ထက်တလဲလဲ နှင့် အများဆုံး အသုံးပြု
ကြသည့်နည်းလမ်းကို ပွဲညွန့်စားခြင်းလို့ ခေါ်
ပါသည်။
အိမ်ခြံမြေလုပ်ငန်းတွင် ကျင့်သုံးသည့် ပွဲညွန့်စား
ခြင်းနှင့် တစ်သဘောတည်းဖြစ်ပါသည်။ ပစ္စည်း
တစ်ခုခုကို ရောင်းချင်သူ လိုချင်သည့် အမှန်ဈေး
နှုန်းထက်ပို၍ ဈေးတင် ရောင်းချရာဝယ် ထိုဈေး
ပိုရသည့်ငွေကို ကြားလူ ပွဲစားက ယူခြင်းဖြစ်ပါသည်။
ရောင်းသူအနေဖြင့် ထိုသို့ပွဲညွန်တင်မည်ကို
သိထားပါက နောက်ပိုင်း၌ ဘာမှ ပြဿနာပေါ် စရာ
အကြောင်းမရှိပေ..သို့ပေမယ့်..ပွဲစားက ရောင်းသူကို
ပွဲညွန့်စားမည့်အကြောင်း ပြောမထားခဲလျှင်တော့
၎င်းပွဲစားသည် ကလိမ်ကကျစ်လုပ်သူ ဖြစ်သွား
ပါလိမ့်မည်။

မောင်ရင့် ကမ်းလှမ်းချက်က ကျုပ်ကို အတော်ကြီး
စိတ်ရှုပ်သွားစေတယ်ကွ..

အန်သော်နီသည် ဤကဲ့သို့သော အပေးအယူမျိုးကို
ယခင်က အသုံးချဖူးရပေမည်။ သို့ပေမယ့်..ယခု
အရောင်းအဝယ်က ကုမ္ပဏီတစ်ခုကို ရောင်းချသကဲ့သို့ပင် အရေးကြီးလှပါသည်။

အိုး..တကယ်ပဲလားဗျ..ဦး.စိတ်ရှုပ်သွားတာမြင်ရတော့ ကျနော် အံ့တောင်အံ့ဩမိပါရဲ့ဗျာ..

မဟုတ်ဖူး..မဟုတ်ဖူး..မောင်ရင့်အနေနဲ့ ငွေတစ်သန်း
..သို့မဟုတ်..နှစ်သန်းပိုတောင်းတယ်ဆိုရင်တောင်
ဦးက နှစ်ခါမစဉ်းစားပဲ ပေးလိုက်မှာပဲကွ..ဒါပေမယ့်
အခု..မောင်ရင်တင်ပြတဲ့ဥစ္စာက အကန့်အသတ်မှ
မရှိဘဲ..ဒါ့ကြောင့် အတွေးပေါင်းစုံနဲ့.. ဦး..စိတ်တွေ
ခြာခြာလည်ကုန်တာပေါ့ကွ..

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now