အပိုင်း(၄၉)ကောက်ရိုးပုံထဲကအပ်

23 2 1
                                    

#၄၉) ကောက်ရိုးပုံအောက်အပ်ရှာခြင်း(၃)
#49) Needle in a Haystack-2
....................................................................
မောင်ရင့်ကို ကြည့်ရတာ နေမကောင်းဘူးထင်တယ်..ဒါမှမဟုတ် အသေးအဖွဲ ကိစ္စကိုပင်
စိတ်လှုပ်ရှားတက်သူပဲလား..ကွ
လီရှီယန်က စိတ်ဆာအောင် ဆွလိုက်
သည့်စကားကို ကြားလိုက်ရ၍ ယာအေးရင်
တစ်ယောက် ဒေါသချောင်းချောင်ထွက်သွားသည်။
သူမက..ဟေးဂျင်ကိုလှမ်း ကြည့်လိုက်ပြီးနောက်
တစ်ဖက်သို့ ပြန်လှည့်သွားသည်။ အခုနေ သူ..ဒေါသ
ထွက်ထွက်နဲ့ စကားပြောလိုက်ပါက ဟေးဂျင်
အတွက်မကောင်းဖူးလို့ ပင်..သူမ..တွေးမိလိုက်၍
ဖြစ်ဟန်ရှိပါသည်။
လီရှီယန်က ပြုံးလိုက်ပြီးနောက်..ပန်းချီကားများကို
စတင်စစ်ဆေးကြည့်ရှုလိုက်သည်။ သူသည်
စိတ်လှုပ်ရှားခြင်း အလျှင်းမရှိသလို..အာရုံစူးစိုက်ဖို့
ကြိုးစားဟန်လည်း မရှိပါချေ။ သူက..ပန်းချီကား
တွေကို ကြည့်ရုံသာ ကြည့်နေသည်။
..တစ်ခါတစ်ရံ..မျက်မှောင်ကုတ်လိုက်..တစ်ခါတစ်ရံ လျှောက်လိုက်..ရပ်လိုက်ဖြင့် လုပ်နေသည်မှာ ပန်းချီကားများကို အေးအေးလူလူကြည့်ရှုခံစား
နေသလိုပင်။

တည်ငြိမ်လှသည့် သူ့ဟန်က ယာအေးရင်ကို
စိုးရိမ်ပူပန်မှု ပွါးအောင်လုပ်နေသည်။
သူမသည် ဟေးဂျင်ကို စောင်းငဲ့ကြည့်လိုက်
သော်လည်း ဟေးဂျင်မှာ ရင်တွေဗလောင်ဆူ
နေဆဲမို့..သူ့မျက်နှာကို လွှဲလိုက်ရလေသည်။

အဲဒါပဲ..ယောကျ်ားတစ်ယောက်က ဘာ့ကြောင့်
ဇွဲသတ္တိရှိသင့်သလဲဆိုတာ..အဲဒါကြောင့်ပြောတာပဲ..
သူ့ရုပ်ရည်က ကြည့်ကောင်းတယ်ဆိုပေမယ့်
ခွန်အားသတ္တိတော့ မရှိရှာဘူးကိုး..အဲပုံမျိုးနဲ့
ညဘက်အိပ်ရာထဲမှာ သူ့တာဝန်ကို ဘယ်လိုလုပ်ပြီး
ထမ်းဆောင်နိုင်ပါ့မလဲအေ..ကလေးမ..ညီး..သူ့ကို
ဆေးရုံလေးဘာလေး ပြမကြည့်ဘူးလား..
ဒါမှမဟုတ်..တစ်ခုခု လုပ်မပေးဘူးလားအေ့..

ယာအေးရင်သည် သူ့ကို ငြူဆူငေါက်ငမ်းနေသော
အမျိုးသမီးကြီးကို ထီမထင်သလို ပြုံးကြည့်၍
ကန်တုန်စကားနဲ့မဟုတ်ပဲ..မက်ဒရင်စကားနှင့်
ပြန်ပြောလိုက်သည်။
ဟင်း..ဟင်း..ရှင်က သူတပါးတွေရဲ့ အိပ်ယာထဲက
ကိစ္စကိုများ စိုးရိမ်နေရသေးတယ်လို့ရှင်..အဲဒါ
ဆို..ရှင်ကိုယ်၌ကိုက အဲလိုပြဿနာမျိုး ကြုံနေရလို့ဖြစ်မှာပဲနော်..ဟင်းဟင်း..ဘာလဲ..ရှင့်ယောက်ျားက
ဖေါက်ပြန်နေလို့လားရှင့်..ကျမလို ခပ်ချောချော
တစ်ယောက်နဲ့မဟုတ်လား..အဟတ်..ဟတ်..

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now