Chapter 87
June 11, 2024
👻Chapter 87
ကျင်းထျန်းယိကို ငွေကြေး ထောက်ပံ့ပေးနေတဲ့ ရှူးဂါးမာမီ (1)နောက်ပိုင်းရက်များတွင် လူတိုင်းလိုလိုက အခန်းပိတ်နေကြပြီး သဲထိတ်ရင်ဖို ရုပ်ရှင်များကို ကြည့်နေကြသည်။
ချူဟွိုက်က ရုပ်ရှင်ကို ရင်တမမနှင့် ကြည့်နေရသည်။
သူ့ကိုယ်ထဲ ကပ်တွယ်နေသည့် သရဲ၏ ဇစ်မြစ်ကို သိလိုက်ရသော်လည်း ပရလောကထဲ ပိတ်မိနေ၍ ဆက်ပြီး စုံစမ်းလို့လည်း မရဖြစ်နေသည်။
သူက သွေးနီလမစ်ရှင်တုန်းက ကျင်းထျန်းယိက ကလေးလေးတစ်ယောက်အား ကမ္ဘာအစစ်သို့ ပြန်ပို့ပေးသည့် အဖြစ်ကို အမှတ်ရသွား၍ သူလည်း ကမ္ဘာအစစ်သို့ ယာယီပြန်၍ရနိုင်သည်ဟု မျှော်လင့်ချက်လေး ထားမိသည်။ သို့သော်လည်း ကျင်းထျန်းယိက တိုက်ခန်းမှူးကသာ ဤအခွင့်အရေး ရနိုင်သည်ဟု ပြောခဲ့သည်။
တိုက်ခန်းမှူးဆိုသည်က မစ်ရှင်အများဆုံး အောင်ပြီးသည့်သူ ဖြစ်ရမည်ပင်။
ချူဟွိုက်က ဤကိစ္စကို လောလောဆယ် ဘေးချိတ်ထားလိုက်သည်။
တီဗွီထက်တွင် အေနှင့်ဘီက စုံစမ်းရန်အတွက် အခန်းနံပါတ်၄၃၉သို့ သွားနေသည့်အပိုင်း ပြနေသော်လည်း ချူဟွိုက်က စိတ်မပါလက်မပါ ကြည့်နေရသည်။
စောစောက ပြထားသည့် အချက်အလက်အတိုင်း ဆိုပါက ဘီက အခန်း၄၃၉တွင် သေတော့မည် ဖြစ်သည်။
ပွဲကြည့်ပရိသတ်တစ်ယောက် အနေနှင့် ချူဟွိုက်က ရုပ်ရှင်ထဲက သရုပ်ဆောင်များထက် ပိုပြီး အတွေ့အကြုံများ၍ နောက်ဖြစ်လာမည့်အရာရော ဘီ၏ကံကြမ္မာကိုပါ ကြိုတင်ခန့်မှန်းနိုင်သည်။ သို့သော်လည်း ဘီအပါအဝင် အခြားသရုပ်ဆောင်များကဖြင့် မှန်းနိုင်မည် မဟုတ်ပေ။
သို့သော်လည်း ဇာတ်ကြောင်းက ရုတ်တရက် အလှည့်အပြောင်း ပေါ်လာသည်။လိမ္မာပါးနပ်ပုံရသည့် ဘီက ရုတ်တရက် ဗိုက်ကိုနှိပ်ပြီး နာကျင်မှုကို သည်းခံနေရသည့် ပုံစံလေး ပြလာပြီး ကျန်လူများကို တောင်းဆိုလိုက်သည် " ထပ်ပြီး ထိန်းမထားနိုင်တော့ဘူး... သန့်စင်ခန်း သွားချင်လာပြီ...."
အေက စိတ်မရှည်သလို မျက်မှောင်ကြုတ်လိုက်မိသည် " မင်းက အကျပ်အတည်း ဖြစ်နေပါတယ်ဆိုမှ ဘောလုံးကို လွှတ်ချတော့မလို့လား....ငါတို့ အခန်း၄၃၉ကို အတူတူသွားမလို့ လုပ်ထားတာလေ....သည်းမခံနိုင်တော့ဘူးလား...."
![](https://img.wattpad.com/cover/368449747-288-k122704.jpg)
YOU ARE READING
စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ်
Horrorချူဟွိုက် + ကျင်းထျန်းယိ Description 💥 ချူဟွိုက်သည် ဝိဥာဥ်တစ်ခု ပူးကပ်ခံရပြီးနောက် အားနည်း ပျက်စီးလာပြီး မကြာမီ သေသွားခဲ့သည်။ သူသည် ထိတ်လန့်ဖွယ် ကမ္ဘာကြီးထဲ ရောက်သွားပြီး အမျိုးသမီး အဝတ်အစား ဝတ်ထားသည့် ယောက်ျားတစ်ယောက်အဖြစ် ပုံစံပြောင်းသွားခဲ့သည...