part.1 ( uni & zawgyi )

33.9K 418 9
                                    

💛နှလုံးသားကိုချည်တဲ့နှောင်ကြိုး💛

            အပိုင်း(၁)
         ~~~~~~~~~~~~

"L.O.V.E...."

ပန်းနုရောင်နှင်းဆီပွင့်ဖတ်တို့ဖြင့်ပုံဖော်ထားတဲ့
စာလုံးကြီးကဖြူစွတ်နေတဲ့အိပ်ရာကုတင်
အကြီးကြီးထက်လှပစွာနေရာယူနေခဲ့၏....

ထို့အတူဖြူစွတ်နေတဲ့မြောက်မြားလှစွာသော
နှင်းဆီပန်းတို့ကလဲကျယ်ဝန်းခမ်းနားလှသော
အခန်းကျယ်ကြီးအနှံ့လှပစွာဖြင့်ပြင်ဆင်နေရာယူ
ထားသည်။

မွေးပျံ့နေတဲ့နှင်းဆီရနံ့တို့နှင့်အတူဖြူစွတ်နေတဲ့
ဖဲကြိုးလှလှလေးတွေ...အားလုံးကိုခြုံပြီးပြောရရင်
ခမ်းနားလှပတဲ့မင်္ဂလာဦးအိပ်ခန်းကြီးပါပဲ....

ဒါပေမဲ့ညိုးငယ်နေတဲ့မျက်နှာထားနှင့်
အဖြူရောင်ဂါဝန်ရှည်ကြီးနဲ့....
ချစ်စရာသတို့သမီးလေးကတော့...
ထိုမင်္ဂလာဦးအိပ်ယာကုတင်ကြီးထက်မှာ
မဝံ့မရဲဟန်လေးဖြင့်ခပ်ကျုံ့ကျုံ့ထိုင်နေခဲ့လေရဲ့....

"မင်းအဲ့မှာဘာထိုင်လုပ်နေတာလဲ..တာဝတိံသာ"

ရုတ်တရပ်ကြားလိုက်ရတဲ့ဩဇာသံပါတဲ့
အသံလိူင်းတစ်ခုကြောင့်ဝတိံကျောပြင်လေး
မတ်ခနဲဖြစ်သွားရခြင်းနဲ့အတူမျက်ဝန်းတွေက
အခန်းဝဆီကပျာကယာလေးရောက်ရှိသွားခဲ့ရလျှင်
ကုတ်အင်္ကျီကိုလက်ပေါ်ခေါက်တင်လျက်
နက်ခ်တိုင်ကိုဖြေလျော့ရင်းခြေလှမ်းမှန်မှန်နှင့်
အထဲကိုလှမ်းဝင်လာတဲ့ပုံရိပ်တစ်ခုကိုမြင်လိုက်ရ၏...

"ဦးစစ်...."

ခေါ်သံနှင့်အတူ ဝတိံဂါဝန်လေးကိုမလျက်
ထိုင်နေရာကနေထရပ်လိုက်သည်။

"ဦးစစ်ရဲ့ဧည့်သည်တွေဟိုတယ်ကပြန်သွားပြီလား...."

"အင်း...မင်းအခုထိအဝတ်အစားမလဲရသေးဘူးလား"

ဝတိံနဲ့ခပ်လှမ်းလှမ်းမှာခြေစုံရပ်လိုက်ပြီး
သူကလှမ်းမကြည့်ပဲဖြေသည်။ပြီးတော့ဝတ်ထားတဲ့
ရှပ်အင်္ကျီကလက်ကြယ်သီးရင်ဘတ်ကြယ်သီးတွေကို
ဖြုတ်ပစ်ပြီး..ဝတိံကိုတစ်ချက်မှမကြည့်ပဲ
အိပ်ယာပေါ်ဘုန်းခနဲပစ်လှဲချ၏...

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now