💛နှလုံးသားကိုချည်တဲ့နှောင်ကြိုး💛
အပိုင်း(၃၂)
~~~~~~~~~~ဝတိံဖုန်းကိုင်ထားလျက်ကကြောင်ငေးငေးလေး
ဖြစ်သွားရ၏...ဖျပ်ခနဲအသိဝင်လာချိန်မှာ
Messageဝင်ထားတဲ့ဖုန်းနံပါတ်ကို
ဖုန်းပြန်ခေါ်လိုက်သည်။"📱📱...."
ဖုန်းကတောက်လျောက်ဝင်နေပေမဲ့...
တဖက်ကလုံးဝမကိုင်ခဲ့...ဝတိံဇွဲမလျော့ဘဲ
အကြိမ်ကြိမ်ထပ်ခေါ်ကြည့်နေပေမဲ့လည်း
ဘာမှထူးခြားမလာခဲ့ပေ....။"ဝတိံ...."
"ဟင်...."
ထိုအချိန်...gymကနေဘယ်အချိန်က
ပြန်ရောက်လာမှန်းမသိတဲ့သူကမီးဖိုခန်းရဲ့
တံခါးဝမှာပေါ်လာတဲ့အခါ...ဝတိံ
ပခုံးလေးဆတ်ခနဲတုန်သွားရရင်း...
ဖုန်းကိုင်ထားတဲ့လက်ကိုလည်းချက်ချင်းပင်
အောက်သို့ချကာကျောဘက်ပို့လိုက်သည်။"ဦးစစ်ပြန်လာပြီလား...."
ဝတိံအဖြစ်ကိုရိပ်မိပုံမရလိုက်တဲ့သူက
အထဲကိုလှမ်းဝင်လာပြီးရေခဲသေတ္တာထဲက
ရေဘူးကိုထုတ်ယူပြီးသောက်နေ၏....။"မနက်စာဘာပြင်ထားလဲ...ဝတိံ...."
ရေသောက်နေရင်းမှသူလှမ်းမေးတော့ဝတိံ
ဖုန်းကိုဂါဝန်အိတ်ထဲပြန်ထည့်လိုက်ရင်း....၊"ဟင့်အင်း..ဝတိံ...ဘာ.ဘာမှမပြင်ရသေးဘူး
အခုမှမီးဖိုထဲဝင်လာတာ...""အတော်ပဲ...ဒါဆိုဘာမှမပြင်နဲ့တော့...
ကိုယ်တို့အပြင်မှာထွက်စားရအောင်....""အပြင်မှာထွက်စားမယ်......"
"အင်း...ကိုယ်ရေမြန်မြန်ချိုးလိုက်မယ်...
ခဏပဲစောင့်...မင်းဗိုက်မဆာသေးဘူးမဟုတ်လား..."ဝတိံယောင်ယမ်းပြီးခေါင်းငြိမ့်မိလိုက်တော့
ချွေးတစိုစိုနှင့်တက်ကြွလန်းဆန်းနေတဲ့သူက
ဝတိံကိုပြုံးကြည့်ပြီးမီးဖိုခန်းထဲကနေပြန်ထွက်
သွားတော့သည်။သူထွက်သွားတော့မှဝတိံလက်ထဲကဖုန်းကို
ပြန်ကြည့်လိုက်မိတဲ့အခါမထူမပါးမျက်ခုံးတန်း
လေးတွေကအလိုလိုတွန့်ချိူးကျသွားခဲ့
ရပြီးနောက်...........။
YOU ARE READING
💕နှလုံးသားကိုချည်တဲ့နှောင်ကြိုး💕 [ Completed ]
Storie d'amore💕 ဒိတ်ဒိတ်ကြဲပရိုဂျူဆာကိုလူချောနဲ့....ဒီဇိုင်နာဖြစ်ချင်တဲ့အိပ်မက်တွေကိုသယ်ပိုးထားတဲ့ကောင်မလေးတစ်ယောက်ရဲ့...အလွဲများနဲ့အစပြုခဲ့တဲ့ဖူးစာရေစက်.....၊ 💕 နာမည်ကျော်မော်ဒယ်မင်းသမီးတွေကိုထည်လဲတွဲကာအချစ်ကိုကစားစရာတစ်ခုလိုသဘောထာ...