💛နှလုံးသားကိုချည်တဲ့နှောင်ကြိုး💛
အပိုင်း(၇)
~~~~~~~~~ဒီနေ့မိုးနေ့ပဲလားမသိ...နေ့လည်လောက်ကထဲက
ရွာနေတဲ့မိုးကညနေရုံးဆင်းတဲ့အထိမစဲနိုင်သေး....
ဆုမြတ်က...မိုးတွေအရမ်းသည်းနေရင်
ကားမမောင်းရဲတာကိုသိနေတာကြောင့်ဝတိံ...
ဆုမြတ်ဆီလှမ်းဖုန်းဆက်ပြီးလာမကြိုဖို့ပြောလိုက်သည်။"နင်...ဘတ်စ်ကားစီးလို့ရရဲ့လားဝတိံရယ်...."
"ရပါတယ်ဟာ...ဘာအဆင်မပြေစရာရှိလဲ
ငါနေ့တိုင်းဘတ်စ်ကားပဲစီးနေကြကို...""ငါလည်းမိုးစဲမလားလို့စောင့်နေတာ...မိုးကပိုပြီး
သည်းလာတယ်....""ဟုတ်တယ်...မုန်တိုင်းရှိလို့ရွာနေတာလေ...
မိုးလေဝသ,သတင်းမှာပါတယ်...""နင်..ဘတ်စ်ကားမစီးဘဲ....တက္ကစီနဲ့ပြန်လိုက်ပါလား
ဝတိံ.....""အင်းပါဆုမြတ်ရယ်...ငါ့ကိုစိတ်မပူစမ်းပါနဲ့....
ငါတက္ကစီပဲစီးမယ်ဟုတ်ပြီလား.....""မိုးကအရမ်းသည်းနေတာ...နင့်အနာကိုရေမစို
စေနဲ့ဦးနော်...""အင်း...ဘာမှစိတ်မပူနဲ့နော်...."
တစ်ဖက်ကနေစိတ်မချနိုင်စွာမှာကြားနေတဲ့
သူငယ်ချင်းကိုဝတိံစိတ်မပူဖို့ပြောပြီးဖုန်းချလိုက်သည်။အပြင်ဘက်မှာမိုးကတော့မြင်ကွင်းတွေကို
ကောင်းစွာမမြင်ရအောင်ပင်သည်းကြီးမည်းကြီး
ရွာနေဆဲ....၊"ဟူး...ဒီနေ့ကတော့တစ်ကယ့်မိုးနေ့ပဲ...."
ဝတိံမှန်တံခါးကိုဖြတ်ပြီးကုမ္မဏီအပြင်ဘက်ကို
ရောက်တာနှင့်လက်ထဲမှာကိုင်ထားတဲ့
ထီးဂေါက်ကြီးကိုဖွင့်လိုက်သည်။ဘာအကျင့်လဲတော့မသိဝတိံကမိန်းမဆောင်း
ထီးတွေကိုမဆောင်းတတ်...ထီးဂေါက်အကြီးကြီး
တွေကိုသာသဘောကျသည်။အဲ့ဒါမှမိုးအရမ်းသည်းရင်
လုံတာလေ...အခုလည်းထီးကအပေါ်ကိုတော့
လုံပေမဲ့လေပါ,တိုက်နေတာကြောင့်ခေါင်းလောင်း
ဘောင်းဘီအရှည်အပွလေးကိုဝတ်ထားတဲ့
ခနာ္တကိုယ်အောက်ပိုင်းကတော့မိုးတွေစိုကုန်၏..၊
YOU ARE READING
💕နှလုံးသားကိုချည်တဲ့နှောင်ကြိုး💕 [ Completed ]
Romance💕 ဒိတ်ဒိတ်ကြဲပရိုဂျူဆာကိုလူချောနဲ့....ဒီဇိုင်နာဖြစ်ချင်တဲ့အိပ်မက်တွေကိုသယ်ပိုးထားတဲ့ကောင်မလေးတစ်ယောက်ရဲ့...အလွဲများနဲ့အစပြုခဲ့တဲ့ဖူးစာရေစက်.....၊ 💕 နာမည်ကျော်မော်ဒယ်မင်းသမီးတွေကိုထည်လဲတွဲကာအချစ်ကိုကစားစရာတစ်ခုလိုသဘောထာ...