part.41 ( uni & zawgyi )

6.3K 222 9
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

      အပိုင်း(၄၁)
  ~~~~~~~~~~

အ​ပျော်​ခရီးဆိုတဲ့​ခေါင်းစဉ်​နဲ့ထွက်​လာကြ​ပေမဲ့...
အစပိုင်းမှာကားတစ်​စီးလုံးတိတ်​ဆိတ်​
​နေတာက...ဝတိံသူငယ်​ချင်း​တွေအားလုံး
သူ့ကိုရှိန်​​နေကြလို့ဆိုတာ​ပြောဖို့လိုမည်​မထင်​...၊

မရှိန်​ဘဲ​နေကြမလား...သူကကား​ပေါ်စ​ရောက်​
ဝတိံကို​တောင်​စကားသိပ်​မ​ပြောနိုင်​ဘဲ
Laptopတလုံးနှင့်အလုပ်​ရူပ်​​နေခဲ့တာ​လေ...
အားလုံးကသူ့ကိုကြည့်ပြီးတစ်​​ယောက်​နဲ့တစ်​​ယောက်​လည်း
စကားကျယ်​ကျယ်​မ​ပြောရဲဘဲ...ဖုန်းသုံးလိုက်​
ပါလာတဲ့မုန့်​တွေတစ်​​ယောက်​တစ်​လှည့်
လိမ့်စားလိုက်​နှင့်မတိုးမကျယ်​ဖွင့်ထားတဲ့​
သီချင်းသံကသာကား​လေးထဲပျံ့လွင့်​နေသည်​။

ဝတိံတို့​ရှေ့ကတခုံ​​ကျော်​မှာထိုင်​​နေတဲ့ဘုန်းပြည့်
ကလည်း​ဂစ်​တာကိုပိုက်​လျက်​ဝတိံကို
မျက်​နှာငယ်​​လေးဖြင့်လှည့်ကြည့်၏...။

​နောက်​ဆုံး​တော့ဝတိံမ​နေနိုင်​​တော့ဘဲ...
သူ့ကိုတံ​တောင်​နဲ့မသိမသာတွတ်​လိုက်​​တော့
သူကဟင်​ခနဲ​နေကာ​မော့ကြည့်လာသည်​။

"ဦးစစ်​ကလည်း...ခုမှခရီးကအစပဲရှိ​သေးတာကို
အလုပ်​ကရူပ်​​နေပြီ...."

"မဟုတ်​ပါဘူးကွာ...ဒီမှာကိုဝဏ္ဏဆီကဝင်​ထားတဲ
mail​တွေတစ်​ချက်​စစ်​​နေတာပါကိုယ်​ကအလုပ်​ကို
တစ်​ပါတ်​ဆယ်​ရက်​ပစ်​ထားခဲ့ရတာဆို​တော့
ဒီ​လောက်​​တော့ဂရုစိုက်​ရမှာ​ပေါ့..."

"ဦးစစ်​ကအဲ့မှာဂရုစိုက်​​နေ..ဝတိံသူငယ်​ချင်း​တွေက
ဦးစစ်​ကိုကြည့်ပြီးစကားကျယ်​ကျယ်​​တောင်​
မ​ပြောရဲ​တော့ဘူး..."

စူပုတ်​​နေတဲ့မျက်​နှာ​လေးနှင့်သူမ​ပြောကာမှ
ကား​ပေါ်မတက်​ခင်​တုန်းကသာလိကာ
တစ်​အုပ်​လိုဆူညံ​နေကြပြီးကား​စထွက်​ကထဲက
တိတ်​ဆိတ်​​နေတဲ့သူမသူငယ်​ချင်းအုပ်​စုဆီ
စစ်​မျက်​လုံး​ဝေ့ကြည့်လိုက်​မိသည်​။

"အဲ့​တော့..ကိုယ်​ကဘယ်​လိုလုပ်​​ပေးရမလဲ...."

"ဘယ်​လိုလုပ်​ရမလဲ..အဲ့ဒီLaptopကြီးကို
ပိတ်​ထားလိုက်​​ပေါ့...."

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now