part.28 ( uni & zawgyi )

7.1K 279 12
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

       အပိုင်း(၂၈)
   ~~~~~~~~~~

"ဦးစစ်​...ရှင်​...."

စစ်​ကိုမြင်​တာနှင့်ချက်​ချင်းပင်​တည်​တင်း
သွားတဲ့မျက်​နှာ​လေးနှင့်သူမက​အောက်​နူတ်​ခမ်းကို
ဖိကိုက်၏....။

"ဝတိံ...."

"ရှင်​...ဝတိံအခန်းထဲကိုဘာဝင်​လုပ်​တာလဲ
အခုထွက်​သွား​နော်​...မသွားရင်​ဝတိံ​အော်​လိုက်​မှာ"

အံကြိတ်​သံ​လေးနှင့်တံခါးကိုလက်​ညိုးညွှန်​ရင်း
​ပြောလိုက်​တဲ့သူမ​ကြောင့်စစ်​ပြုံးမိသွားရရင်း...၊

"ဟုတ်​လား...ဘယ်​လို​အော်​မှာလဲ
ကျွန်​မ​ယောကျာင်္းကျွန်​မအခန်းထဲကိုဝင်​​နေပါတယ်​
ဆိုပြီး​အော်​မှာလား...."

"ရှင်​...ရှင်​ဘာ​ပြောတာလဲ..ဘယ်​သူကဝတိံ
​ယောကျာင်္းလဲဝတိံမှာ​ယောကျာင်္းမရှိဘူး
ဝတိံရှင့်ကိုကွာရှင်းစာချုပ်​မှာလက်​မှတ်​ထိုးခဲ့
​ပေးပြီးသား...ရှင်​နဲ့ဝတိံနဲ့ဘာမှမပါတ်​သတ်​​တော့ဘူး
ရှင်​အခုထွက်​သွား​နော်​...သွား...."

ဝတိံ​ပြောလည်း​​ပြောသူ့လက်​ကိုအတင်းဆွဲပြီး
တံခါးဂျက်​ကိုပြန်​ဖွင့်ရန်​ပြင်​​တော့
သူကဝတိံလက်​ကိုပြန်​​ဆောင့်ဆွဲယူလိုက်​တာမို့
ခနာ္တကိုယ်​​လေးတစ်​ခုလုံးသူ့ဘက်​ကိုယိုင်​နဲ့
ပူးကပ်​သွားရသည်​။

"ဦးစစ်​မက်​မဏ္ဍိုင်​...."

"ရူး...."

ဝတိံစိတ်​တိုတိုနှင့်သူ့နာမည်​ကိုအပြည့်အစုံ
​ခေါ်လိုက်​မိလျှင်​သူကနူတ်​ခမ်း​ပေါ်လက်ညိုး
တစ်​​ချောင်းကန့်လန့်ဖြတ်​တင်​ပြရင်းတိုးတိုးဆိုတဲ့
သ​ဘောအချက်​ပြ၏...၊

"ဘာလ်ို​ကွာရှင်းစာချုပ်​အ​ကြောင်းကိုအကျယ်​ကြီး
​ပြော​နေရတာလဲ...လူကြီး​တွေကြားသွားဦးမယ်​...."

"ရှင်​..."

သူ့စကား​ကြောင့်ဝတိံကြိတ်​မနိုင်​ခဲမရနှင့်
​အောက်​နူတ်​ခမ်း​လေးကိုထပ်​ပြီးဖိကိုက်​လိုက်​မိ​တော့
သူကဝတိံကိုစူးစူးစိုက်​စိုက်​ငုံ့မိုးကြည့်လာခဲ့၏....

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now