part.37 ( uni & zawgyi )

7.3K 274 13
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

        အပိုင်း(၃၇)
   ~~~~~~~~~~~

"ဒီည​နေဟုတ်​လား.....ဦးစစ်​..."

"အင်း...ဟုတ်​တယ်​ဒီည​နေ၅နာရီ​လောက်​အမှီ
လှလှပပ​​လေးပြင်​ဆင်​ထား...ကိုယ်​ကွန်​ဒိုကိုပြန်​ပြီး
မင်းကိုလာ​ခေါ်မယ်​...."

"ဘယ်​ကိုသွားဖို့လဲဟင်​...."

"ကိုယ့်အ​ဖေရဲ့အိမ်​ကို......"

ဝတိံ​စောဒကတက်​ပြီး​မေးလိုက်​မိလျှင်​
ပြန်​​ဖြေလာတဲ့သူ့အ​ဖြေ​ကြောင့်အံ့ဩသွားခဲ့ရ၏...။

"မင်း​ပြောတယ်​မဟုတ်​လားကိုယ်​ကတစ်​​ခေါက်​
​လောက်​​တော့အိမ်​ကိုပြန်​ပြီး...ကိုယ့်အ​ဖေကို
သွားကြည့်သင့်တယ်​ဆို...မင်း​ရောကိုယ်​နဲ့အတူ
လိုက်​ခဲ့သင့်တယ်​လို့မထင်​ဘူးလား...."

သူ့စကားကိုနား​ထောင်​ပြီးဖုန်းကိုင်​ထားလျက်​မှ
ဝတိံရဲ့နူတ်​ခမ်း​လေး​တွေပြုံးသွားခဲ့ရသည်​။

"ကိုယ်​မျက်​စိ​အေး​စေမဲ့...အလှဆုံးပုံစံ​လေးကို
ပြင်​ဆင်​ထားပါ...​ဘေဘီဆွိတီ​လေး......"

စသလို၊​နောက်​သလို​ပြောရင်းဖုန်းကိုသူက
အသံမြည်​​အောင်​နမ်းပြ​တော့ဝတိံအသံ​လေး
ထွက်​​အောင်​ရယ်​မိသွားရသည်​။

"............."

တဖက်​ကသူမရဲ့ရယ်​သံ​လေးကိုနား​ထောင်​ပြီး
အသံတိတ်​​ကျေနပ်​စွာဖြင့်လိုက်​၍ုပြုံးရယ်​​နေမိသူက
စစ်​....။

"ကိုယ်​အမြဲတမ်းမင်းကို​ပျော်​ရွှင်​ရယ်​​မော
​နေ​စေချင်​တာကိုမင်းသိရဲ့လားဝတိံ...
အမြဲတမ်း...အမြဲတမ်း​ပေါ့..."

~~~~~~~~~~~~~~~💚💚💚

"ကိုယ်​မျက်​စိ​အေး​စေမဲ့ အလှဆုံးပုံစံ​လေး
ပြင်​ဆင်​ထားပါ"

ဆိုတဲ့သူ့စကားကိုနာခံပြီး..ဝတိံ၄နာရီထိုးပြီး
ကထဲကမှန်​တင်​ခုံ​ရှေ့မှာတတ်​သ​လောက်​၊မှတ်​သ​လောက်​နှင့်
ပြင်​ဆင်​ခြယ်​သဖို့ကြိုစား​နေခဲ့ရသည်​။

မိတ်​ကပ်​ကိုပါးပါးညီညီ​လေးပြင်​ပြီး
နူတ်​ခမ်းနီကိုလည်း​အ​ဖျော့ဆုံးအ​ရောင်​ကို​ရွေးပြီး
ဆိုးလိုက်​သည်​။ဝတိံရဲ့မျက်​နှာကမိတ်​ကပ်​
တအား​ပေါ်လွန်းရင်​ကြည့်ရတာ
ပူ​လောင်​တယ်​လို့ထင်​တယ်​...။

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now