💛နှလုံးသားကိုချည်တဲ့နှောင်ကြိုး💛အပိုင်း(၂)
~~~~~~~~~"စစ်မက်မဏ္ဍိုင်....."
နာမည်အပြည့်အစုံကိုလေသံခပ်ထန်ထန်နှင့်
ခေါ်လိုက်တဲ့အမျိုးသမီးတစ်ယောက်ရဲ့အသံကြောင့်
ဓာတ်လှေကားရှေ့ကိုရောက်နေပြီဖြစ်တဲ့စစ်ရဲ့
ခြေလှမ်းတွေတုံ့ခနဲရပ်သွားကာအနောက်ကို
လှည်ု့ကြည့်လိုက်မိသည်။"ဒေါ်မာယာရင့်...."
နူတ်ကနေရေရွတ်လိုက်မိတဲ့နာမည်တစ်ခုနဲ့အတူ
စစ်...အလိုမကျစွာဖြင့်မျက်ခုံးတန်းတွေတွန့်ချိုး
သွားရရင်းမျက်နှာလွှဲလိုက်မိတာကစိတ်ပျက်
လက်ပျက်...အသက်အရွယ်နဲ့မလိုက်အောင်စိန်ရောင်
တလက်လက်နှင့်မိတ်ကပ်တွေအစွမ်းကုန်ခြယ်သ
ထားတဲ့ဒေါ်မာယာရင့်ကတော့စစ်ထံ
တစ်လှမ်းချင်းလျောက်လာရင်းအရှေ့မှာခြေစုံရပ်သည်။"အန်တီ..စောစောစီးစီးကုမ္မဏီကိုဘာလာလုပ်တာလဲ.."
"နောက်လထဲမှာစပြီးစီစဉ်ဖြစ်မဲ့အသဲရဲ့
စီးရီးသစ်အတွက်မင်းရဲ့music productionက
တာဝန်ခံတွေနဲ့လာတွေ့တာ....""စီးရီးသစ်လား...ဒီတစ်ခါရောငွေတွေဘယ်လောက်
ဖြုန်းတီးဦးမှာလဲ....."ခပ်ရွဲ့ရွဲ့မေးလိုက်ရင်းစစ်...စိုင်းရန်ဖွင့်လိုက်တဲ့
ဓာတ်လှေကားထဲလှမ်းဝင်လိုက်တော့
ဒေါ်မာယာရင့်ကအနောက်ကနေလိုက်ဝင်လာသည်။"အဲ့လိုစိတ်ပျက်တဲ့ပုံစံနဲ့မပြောပါနဲ့...ဘာပဲပြောပြော
အသဲကမင်းရဲ့ညီမပဲလေ.....""ညီမဆိုတာနဲ့အချိန်ကုန်ငွေဖြုန်းပြီးအကျိုးမရှိတဲ့
လုပ်ရပ်တွေလုပ်နေတာကိုကျွန်တော်ဒီအတိုင်း
ထိုင်ကြည့်နေရမှာလား....ပထမတစ်ခါ
တစ်ကိုယ်တော်စီးရီးနဲ့အတွဲခွေထုတ်ခဲ့တုန်းကလဲ
ပရိတ်သတ်လက်ခံမူ့မရပဲproductionက
ခွက်ခွက်လန်အောင်ရူံးခဲ့ရတာ....အဆိုပညာ
အရည်အချင်း.....talentဘာမှမရှိပဲ..
ငွေရှိတာနဲ့ပဲလုပ်ချင်တိုင်းလုပ်လို့ရမယ်လို့
ထင်နေသမျှ....ပရိတ်သတ်လက်ခံတဲ့
အဆိုတော်တစ်ယောက်ဘယ်တော့မှဖြစ်လာမှာ
မဟုတ်ဘူး....ထားလိုက်ပါ...ခင်ဗျားကို
ဒါတွေပြောနေလဲနားလည်မှာမဟုတ်ပါဘူး
ငွေဖြုန်းတီးနေရမှစိတ်ပျော်တတ်တာ...
ခင်ဗျားတို့သားအမိနှစ်ယောက်ရဲ့အကျင့်ပဲ....
ကြိုက်တာလုပ်...."
YOU ARE READING
💕နှလုံးသားကိုချည်တဲ့နှောင်ကြိုး💕 [ Completed ]
Romansa💕 ဒိတ်ဒိတ်ကြဲပရိုဂျူဆာကိုလူချောနဲ့....ဒီဇိုင်နာဖြစ်ချင်တဲ့အိပ်မက်တွေကိုသယ်ပိုးထားတဲ့ကောင်မလေးတစ်ယောက်ရဲ့...အလွဲများနဲ့အစပြုခဲ့တဲ့ဖူးစာရေစက်.....၊ 💕 နာမည်ကျော်မော်ဒယ်မင်းသမီးတွေကိုထည်လဲတွဲကာအချစ်ကိုကစားစရာတစ်ခုလိုသဘောထာ...