part.43 ( uni & zawgyi )

5.5K 214 5
                                    

💚နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💚

        အပိုင်း(၄၃)
    ~~~~~~~~~

"ဘုန်းပြည့်​ရေ...ဘုန်းပြည့်..."

သူငယ်​ချင်းဖြစ်​သူရဲ့နာမည်​ကိုတ​ကြော်​​ကြော်​
​အော်​​ခေါ်ရင်းစိုးရိမ်​တကြီးဖြစ်​​နေကြရတဲ့
ဝတိံတ်ို့အဖွဲ့​တွေ...။

"​ဝေး...က​လေး​တွေငါတို့ဒီအတိုင်းရှာ​နေလို့မဖြစ်​ဘူး
မကြာခင်​​နေဝင်​​တော့မှာလူစုခွဲပြီးရှာမှဖြစ်​မယ်​...
ဦးကြီးကလျိုရဲ့အ​နောက်​ကိုဆင်းကြည့်မယ်​
သူ​အောက်​များမ​တော်​တဆပြုတ်​ကျသွားတာလားပဲ
မင်းတို့​တွေကအ​ပေါ်မှာပဲလူခွဲပြီးရှာကြ...
​ရေတံခွန်​ရဲ့ဟိုဘက်​ကို​တော့သတိထား​နော်​
အဲ့မှာ​ချောက်​ရှိတယ်​..အဲဒီ့​ချောက်​ရဲ့​အောက်​မှာ
ဆင်​​သေ​ချောင်းပဲ..."

ဦးကြီးခွန်​ဖကဝတိံတို့ကို​သေချာမှာပြီး
လျို​အောက်​သို့ခက်​ခက်​ခဲခဲဆင်းသွား၏...။

ဝတိံတို့အဖွဲ့လည်း​ဘုန်းပြည့်ကိုစိတ်​ပူ​နေတဲ့​ဇောဖြင့်
အသီးသီးလူစုခွဲပြီးအနီးပါတ်​ဝန်းကျင်​မှာ
ရှာ​ဖွေ​နေခဲ့ကြ၏....။

"ဘုန်းပြည့်..​တော်​​တော်​​ခြေရှည်​တဲ့​ကောင်​
ကိုယ်​နဲ့မရင်းနှီးတဲ့​နေရာမှာဟိုစပ်​စပ်​၊ဒီစပ်​စပ်​သူမို့
သွားရဲတယ်​ခု​တော့အနာ္တရယ်​ဖြစ်​ပြီ...."

ဝတိံနဲ့အတူခွဲတမ်းကျပြီးပါလာတဲ့​ကေသာက
မ​ကျေမနပ်​နှင့်ပွစိပွစိ​ပြော​နေခဲ့၏...။

ဝတိံလက်​ထဲမှာပါလာတဲ့ဘုန်းပြည့်ရဲ့ကင်​မရာ
​လေးကိုပြန်​ကြည့်ပြီးပူပန်​စိတ်​​တွေကရင်​ထဲကို
ပြည့်ကြပ်​လာခဲ့ပြန်​ကာ​ခြေလှမ်းကိုထပ်​ပြီး
သွက်​သွက်​လှမ်းရန်​ပြင်​လိုက်​စဉ်​မှာပဲ
​ကေသာကဝတိံလက်​ကိုလှမ်းဆွဲလာခဲ့၏...။

"ဘာလဲ​ကေသာ..."

"​ရေစီးသံကြားလားဝတိံကြည့်ရတာငါတို့
​ချောက်​နဲ့နီးလာပြီနဲ့တူတယ်​...ဒီအတိုင်းပြန်​လှည့်
ရ​အောင်​ဟာ...အဲ့ဒီ့​နေရာကအနာ္တရယ်​များတယ်​လို့
ဦး​လေးခွန်​ဖ​ပြောထားတယ်​​လေ..ဘုန်းပြည့်လည်း
ဒီ​နေရာထိ​တော့မ​ရောက်​​လောက်​ပါဘူး...."

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now