💛နှလုံးသားကိုချည်တဲ့နှောင်ကြိုး💛
အပိုင်း(၆)
~~~~~~~~~"မင်းမတ်တပ်ရပ်နိုင်လား...ထကြည့်စမ်း....."
စစ်,စကားကိုသူမကတရူံ့ရူံ့နှင့်ခေါင်းလေးငြိမ့်ပြရင်း
ထရပ်ဖို့ကြိုးစားရှာ၏...၊သို့ပေမဲ့...တဖြေးဖြေး
အပူရှိန်ကြောင့်ပိုပြီးနီမြန်းလာသည့်သူမရဲ့
ခြေထောက်အစုံကိုကြည့်ပြီးစစ်သက်ပြင်းချလျက်
မျက်ဝန်းတွေကိုတစ်ချက်ဖိပိတ်လိုက်ကာ...
ကြမ်းပြင်ပေါ်ကသူမကိုယ်လေးကိုပွေ့ချီမယူလိုက်
သည်။"ဟင်...."
"........."
အနားမှာရှိနေတဲ့တစ်ယောက်နှစ်ယောက်မကသော
လူတွေရဲ့မျက်နှာကထင်မှတ်မထားတဲ့...စစ်,ရဲ့
အပြုအမူကြောင့်အံ့ဩတကြီးအသွင်ကို
ဆောင်သွားခဲ့သလို...စစ်,လက်ထဲမှာပါလာတဲ့
သူမရဲ့မျက်ဝန်းတွေကလဲပြူးကျယ်ဝိုင်းစက်သွားခဲ့၏...။စစ်,ကိုယ်တိုင်ကတော့ထိုမျက်နှာ၊ထိုအမူအယာတွေကို
သတိမထားမိနိုင်သလိုစိတ်စောနေတဲ့ခံစားချက်
ကြောင့်သူမကိုပွေ့ထားလျက်နှင့်နေရာကနေ
ခြေလှမ်းကြဲကြီးများနှင့် လှမ်းထွက်လာခဲ့တော့
စစ်,နောက်ကနေကပျာကယာပြေးလိုက်လာသူက
စိုင်းရန်....။❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
"ဘုတ်......"
ခမ်းနားလှတဲ့အပြင်အဆင်တွေနှင့်ရုံးခန်းကျယ်ကြီးထဲက
ဆိုဖာပေါ်ကိုဝတိံကိုယ်လေးကိုသူကဘုတ်ခနဲ
မြည်အောင်ပစ်ချလိုက်သည်....။"စိုင်းရန်...Stylistဌာနကိုဖုန်းဆက်ပြီး....
ငါ့ရုံးခန်းကို၂ယောက်လောက်တက်လာခိုင်းလိုက်...."သူ့ရဲ့အတွင်းရေးမှူးကို လှမ်းပြောကာသူက
ဆေးသေတ္တာကိုသွားယူပြီးဝတိံနားကို
ခပ်သုတ်သုတ်ပြန်လျောက်လာပြန်ပြီး
ဆိုဖာပေါ်မှာစွေ့ခနဲဝင်ထိုင်သည်....။"မင်းကိုတွေ့လိုက်တိုင်းဘာလို့ဒီပုံစံအတိုင်းပဲ
ဖြစ်နေရတာလဲတာဝတိံသာ...မင်းဘာလို့
ဒီလောက်နမော်နမဲ့နိုင်ရတာလဲ....ငါမင်းလို
အချိန်တိုင်းပျာယာခတ်နေတဲ့မိန်းကလေးမျိုး
တစ်ခါမှမမြင်ဖူးဘူး....."
YOU ARE READING
💕နှလုံးသားကိုချည်တဲ့နှောင်ကြိုး💕 [ Completed ]
Romance💕 ဒိတ်ဒိတ်ကြဲပရိုဂျူဆာကိုလူချောနဲ့....ဒီဇိုင်နာဖြစ်ချင်တဲ့အိပ်မက်တွေကိုသယ်ပိုးထားတဲ့ကောင်မလေးတစ်ယောက်ရဲ့...အလွဲများနဲ့အစပြုခဲ့တဲ့ဖူးစာရေစက်.....၊ 💕 နာမည်ကျော်မော်ဒယ်မင်းသမီးတွေကိုထည်လဲတွဲကာအချစ်ကိုကစားစရာတစ်ခုလိုသဘောထာ...