💛နှလုံးသားကိုချည်တဲ့နှောင်ကြိုး💛
အပိုင်း(၁)
~~~~~~~~~~~~"L.O.V.E...."
ပန်းနုရောင်နှင်းဆီပွင့်ဖတ်တို့ဖြင့်ပုံဖော်ထားတဲ့
စာလုံးကြီးကဖြူစွတ်နေတဲ့အိပ်ရာကုတင်
အကြီးကြီးထက်လှပစွာနေရာယူနေခဲ့၏....ထို့အတူဖြူစွတ်နေတဲ့မြောက်မြားလှစွာသော
နှင်းဆီပန်းတို့ကလဲကျယ်ဝန်းခမ်းနားလှသော
အခန်းကျယ်ကြီးအနှံ့လှပစွာဖြင့်ပြင်ဆင်နေရာယူ
ထားသည်။မွေးပျံ့နေတဲ့နှင်းဆီရနံ့တို့နှင့်အတူဖြူစွတ်နေတဲ့
ဖဲကြိုးလှလှလေးတွေ...အားလုံးကိုခြုံပြီးပြောရရင်
ခမ်းနားလှပတဲ့မင်္ဂလာဦးအိပ်ခန်းကြီးပါပဲ....ဒါပေမဲ့ညိုးငယ်နေတဲ့မျက်နှာထားနှင့်
အဖြူရောင်ဂါဝန်ရှည်ကြီးနဲ့....
ချစ်စရာသတို့သမီးလေးကတော့...
ထိုမင်္ဂလာဦးအိပ်ယာကုတင်ကြီးထက်မှာ
မဝံ့မရဲဟန်လေးဖြင့်ခပ်ကျုံ့ကျုံ့ထိုင်နေခဲ့လေရဲ့...."မင်းအဲ့မှာဘာထိုင်လုပ်နေတာလဲ..တာဝတိံသာ"
ရုတ်တရပ်ကြားလိုက်ရတဲ့ဩဇာသံပါတဲ့
အသံလိူင်းတစ်ခုကြောင့်ဝတိံကျောပြင်လေး
မတ်ခနဲဖြစ်သွားရခြင်းနဲ့အတူမျက်ဝန်းတွေက
အခန်းဝဆီကပျာကယာလေးရောက်ရှိသွားခဲ့ရလျှင်
ကုတ်အင်္ကျီကိုလက်ပေါ်ခေါက်တင်လျက်
နက်ခ်တိုင်ကိုဖြေလျော့ရင်းခြေလှမ်းမှန်မှန်နှင့်
အထဲကိုလှမ်းဝင်လာတဲ့ပုံရိပ်တစ်ခုကိုမြင်လိုက်ရ၏..."ဦးစစ်...."
ခေါ်သံနှင့်အတူ ဝတိံဂါဝန်လေးကိုမလျက်
ထိုင်နေရာကနေထရပ်လိုက်သည်။"ဦးစစ်ရဲ့ဧည့်သည်တွေဟိုတယ်ကပြန်သွားပြီလား...."
"အင်း...မင်းအခုထိအဝတ်အစားမလဲရသေးဘူးလား"
ဝတိံနဲ့ခပ်လှမ်းလှမ်းမှာခြေစုံရပ်လိုက်ပြီး
သူကလှမ်းမကြည့်ပဲဖြေသည်။ပြီးတော့ဝတ်ထားတဲ့
ရှပ်အင်္ကျီကလက်ကြယ်သီးရင်ဘတ်ကြယ်သီးတွေကို
ဖြုတ်ပစ်ပြီး..ဝတိံကိုတစ်ချက်မှမကြည့်ပဲ
အိပ်ယာပေါ်ဘုန်းခနဲပစ်လှဲချ၏...
YOU ARE READING
💕နှလုံးသားကိုချည်တဲ့နှောင်ကြိုး💕 [ Completed ]
Romantik💕 ဒိတ်ဒိတ်ကြဲပရိုဂျူဆာကိုလူချောနဲ့....ဒီဇိုင်နာဖြစ်ချင်တဲ့အိပ်မက်တွေကိုသယ်ပိုးထားတဲ့ကောင်မလေးတစ်ယောက်ရဲ့...အလွဲများနဲ့အစပြုခဲ့တဲ့ဖူးစာရေစက်.....၊ 💕 နာမည်ကျော်မော်ဒယ်မင်းသမီးတွေကိုထည်လဲတွဲကာအချစ်ကိုကစားစရာတစ်ခုလိုသဘောထာ...