💛နှလုံးသားကိုချည်တဲ့နှောင်ကြိုး💛
အပိုင်း(၃၈)
~~~~~~~~~စံအိမ်ကနေပြန်လာခဲ့တဲ့လမ်းတစ်လျောက်သူက
ဝတိံကိုဘာစကားမှမပြောပဲတိတ်ဆိတ်နေခဲ့၏...၊ထိုတိတ်ဆိတ်မူ့ကစိတ်ဆိုး၊ဒေါသထွက်တာမျိုး
မဟုတ်ပဲ...တစ်စုံတစ်ရာအတွက်ငေးမော
တွေးတောနေတဲ့အခြေအနေမျိုးမှန်းသိနေတာမို့
ဝတိံကိုယ်တိုင်လည်းအလိုက်တသိနှင့်တိတ်ဆိတ်
နေခဲ့မိသည်။"ဝေါ...ကျွီ..."
မကြာလိုက်ပါ...သူမောင်းလာတဲ့ကားက
ကွန်ဒိုရဲ့မြေအောက်ကားပါကင်မှာကျွမ်းကျင်စွာ
ပါကင်ထိုးလျက်ရပ်တန့်သွားခဲ့၏...။ဝတိံခါးပတ်ကိုဖြုတ်ပြီးသူ့ကိုပြန်လှည့်ကြည့်
လိုက်တော့မလူပ်မယှက်နှင့်ရှေ့တူရူရာကိုသာ
တွေဝေစွာငေးမောနေခဲ့တဲ့သူ့ကြောင့်
တံခါးလော့ခ်ဆီလှမ်းနေတဲ့လက်က
ရပ်တန့်သွား၏....၊"ကိုယ်စဉ်းစားနေတာ....."
ထိုအချိန်မှာပဲသူ့ဆီကနေထွက်ပေါ်လာတဲ့
စကားသံ...၊"ဘာကိုလဲဟင်...."
"ကိုယ်ဒီအတောအတွင်းဒယ်ဒီ့အပေါ်အရမ်းကို
မတရားသလိုဖြစ်ခဲ့တာကိုလေ...."ပြောရင်းသူကဝတိံဘက်ကိုခပ်ဖြည်းဖြည်း
ငဲ့ကြည့်လာခဲ့ရင်း၊"ကိုယ်ဒယ်ဒီ့ကိုဘာလို့နာကျည်းခဲ့လဲမင်းသိလား...."
ဝတိံခေါင်းလေး ယမ်းပြလိုက်တော့
ငေးရီသွားတဲ့မျက်ဝန်းတွေနှင့်သူကစကားဆက်
လာခဲ့၏...။"မာမီ့ရဲ့သေဆုံးမူ့ကကိုယ့်အတွက်စိတ်ဒဏ်ရာ
ဖြစ်ခဲ့ပေမဲ့ဒယ်ဒ်ီ့အတွက်တော့ပြောပလောက်စရာ
ဆုံးရူံးမူ့မဟုတ်ဘူးလို့ကိုယ်ထင်နေခဲ့တာ...
မာမီ့နေရာမှာတခြားမိန်းမတစ်ယောက်ကို
အစားထိုးပြီးမာမီမရခဲ့တဲ့အခွင့်အရေးတွေကို
ပေးနေခဲ့တာကိုမြင်ပြီးကိုယ်ဒယ်ဒီ့ကိုပိုပိုပြီး
မုန်းလာတယ်...ဒါပေမဲ့ကိုယ်မသိခဲ့တာက
မာမီ့နေရာမှာတခြားမိန်းမတစ်ယောက်ကိုအစားထိုး
ခဲ့တာက..မာမီနဲ့ပါတ်သတ်ပြီးပြစ်တင်စိတ်နှင့်
နာကျင်နေရတဲ့ဘဝကိုနှစ်သိမ့်မူ့ရချင်လို့ဆိုတာပဲ....."
YOU ARE READING
💕နှလုံးသားကိုချည်တဲ့နှောင်ကြိုး💕 [ Completed ]
Romance💕 ဒိတ်ဒိတ်ကြဲပရိုဂျူဆာကိုလူချောနဲ့....ဒီဇိုင်နာဖြစ်ချင်တဲ့အိပ်မက်တွေကိုသယ်ပိုးထားတဲ့ကောင်မလေးတစ်ယောက်ရဲ့...အလွဲများနဲ့အစပြုခဲ့တဲ့ဖူးစာရေစက်.....၊ 💕 နာမည်ကျော်မော်ဒယ်မင်းသမီးတွေကိုထည်လဲတွဲကာအချစ်ကိုကစားစရာတစ်ခုလိုသဘောထာ...