final part ( uni & zawgyi )

9.6K 261 17
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

          ဇာတ်​သိမ်းပိုင်း
       ~~~~~~~~~~~

"ဒီ​နေ့ညစာကိုအပြင်​မှာထွက်​စားမယ်​ဟုတ်​လား...
ဦးစစ်​..."

"အင်း...ဟုတ်​တယ်​..ကိုယ်​တို့မိသားစု​တွေအဲ့လို
အပြင်​မထွက်​ရတာကြာပြီ​လေ...ဒီ​နေ့ည
မင်း​ရောသမီးနှစ်​​ယောက်​​ရောကြိုက်​တဲ့ဆိုင်​မှာ
ညစာသွားစားကြမယ်​..မ​ကောင်းဘူးလား..."

ဖုန်းထဲက​နေသူ့ရဲ့အသံကိုနား​ထောင်​ရင်းဝတိံ
ပြုံးလိုက်​မိသည်ထင်​၏...သူကအဲ့လိုလူမျိုးပါ
အလုပ်​ဘယ်​​လောက်​ပဲများများဝတိံနဲ့သမီး​တွေအတွက်​
အချိန်​အမြဲတမ်း​ပေး​နေကြ​လေ...။

"ဝတိံ..သမီးနှစ်​​ယောက်​ကိုကြိုပြီးကုမ္ပဏီကို
လာခဲ့မယ်​​လေ...ဦးစစ်​ဒီ​နေ့ရုံး​စော​စောဆင်းလိုက်​​ပေါ့.."

"ကားကိုလည်း​သတိထားပြီး​မောင်းဦး​နော်​..ဝတိံ...
ဒါမှမဟုတ်​ကိုယ်​စိုင်းရန်​ကိုလာ​ခေါ်ခိုင်းလိုက်​ရမလား.."

"ရပါတယ်​ဦးစစ်​...ဝတိံလည်း​ကား​မောင်းတာ
ကျွမ်းကျင်​​နေပါပြီတစ်​ခါ​လောက်​လည်း
ဝတိံကိုစိတ်​ချလက်​ချယုံကြည်​​ပေးပါဦး..."

"ကိုယ်​ကမင်းကိုမယုံလို့မဟုတ်​ပါဘူးမိန်းမရယ်​
စိတ်​ပူလို့​ပြောတာပါကွာ...."

"အဟွန်း..သိပါတယ်​..ဝတိံကသက်​သက်​စ​နေတာ...
ဒါဆိုလည်း​ဦးစစ်​အလုပ်​ဆက်​လုပ်​​လေ...ဝတိံ
ဖုန်းချလိုက်​​တော့မယ်​​နော်​..."

"Ok...ဒါဆိုည​နေကျရင်​လှလှ​လေးပြင်​လာခဲ့​နော်​
သိပြီလား..babysweetie​လေး..."

ဒါ​တောင်​ဖုန်းမချခင်​သူကဝတိံကိုကပ်​ပြီးစသွား
​သေး၏...။

ဝတိံဖုန်းကိုကြည့်ပြီး​ခေါင်း​လေးကိုသာခပ်​သဲ့သဲ့
ယမ်းလျက်​ရယ်​လိုက်​မိ​တော့သည်​။

~~~~~~~~~~~~~~💚💚💚

ည​နေက​လေးနှစ်​​ယောက်​ကိုကြိုဖို့ဝတိံအ​စောကြီး
ထဲကကြိုပြီး​ကျောင်းကို​ရောက်​​နေခဲ့သည်​။

​ကျောင်းလွှတ်​ချိန်​က​ရှေ့ဆုံးကထွက်​လာတဲ့
သမီးနှစ်​​ယောက်​ကအ​မေဖြစ်​သူကိုမြင်​တာနှင့်
ပြုံးရွှင်​သွားတဲ့မျက်​နှာ​လေး​တွေဖြင့်​ပြေးလာကြ၏..။

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now