part.33 ( uni & zawgyi )

7K 283 7
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

         အပိုင်း(၃၃)
    ~~~~~~~~~~

"တင်​...တင်​...."

အပြင်​ဘက်​ကကြားလိုက်​ရတဲ့ဘဲလ်​သံ​ကြောင့်....
ဝတိံမီးဖိုထဲမှာအသီး​ဖျော်​ရည်​စက်​တစ်​လုံးနှင့်
အလုပ်​ရူပ်​​နေရာမှ...ကပျာကယာ​လေး
အပြင်​ကိုထွက်​လာခဲ့သည်​။

"ဦးစစ်​ပြန်​လာပြီထင်​တယ်​....."

မနက်​၈နာရီflightနဲ့ပြန်​လာမယ်​လို့
ဖုန်းဆက်​ထားတာ​ကြောင့်ဒီအချိန်​​လောက်​ဆို
သူပြန်​​ရောက်​​လောက်​ပြီမှန်းဝတိံ
​တွေးလိုက်​မိရင်း....အိမ်​တံခါးရှိရာသို့
အ​ပြေး​လေး​လျောက်​လာပြီးတံခါးကိုဖွင့်လိုက်​လျှင်​
ထင်​တဲ့အတိုင်းပဲ...လက်​​ဂေ့ချ်​ကိုဆွဲလျက်​
အ​ရှေ့မှာ​ရောက်​​နေတဲ့သူ...။

"ဦးစစ်​....."

၂ရက်​​လောက်​မမြင်​ရတဲ့သူ့ပုံစံကဘာမှ
သိပ်​မ​ပြောင်းလဲသွား​ပေမဲ့အရယ်​အပြုံးမရှိတဲ့
မျက်​နှာက​တော့တည်​ကြည်​လွန်း​နေ၏...။

"​သော့ကတ်​မပါသွားဘူးလား...
လူ​ခေါ်ဘဲလ်​ကိုနှိပ်​​နေတယ်​......."

ဝတိံသူ့ကို​ခြေဆုံး​ခေါင်းဆုံးတစ်​ချက်​ကြည့်ရင်း
ပြုံးပြီး​မေးလိုက်​​တော့သူက​ခေါင်းငြိမ့်သည်​။

"အင်း...ကိုယ်​အဲဒီ့​နေ့ကအခန်းထဲမှာကျန်​ခဲ့တာ..."

ပြန်​​ဖြေပြီးတာ​တောင်​အထဲကိုလှမ်းမဝင်​ဘဲ...
သူကတံခါးဝမှာ​ခြေစုံရပ်​လျက်​ဝတိံကို
​ငေးကြည့်​နေတာမို့ဝတိံထူးဆန်းသလို​လေး
ဖြစ်​သွားရရင်း....၊

"အထဲဝင်​​လေ...ဦးစစ်​ကဘာရပ်​လုပ်​​နေတာလဲ...."

"ဪ...အင်း...."

"ဝတိံကိုလက်​​ဂေ့ချ်​​ပေး...."

ဝတိံသူ့လက်​ထဲကလက်​​ဂေ့ချ်​ကိုဆွဲယူပြီး
အထဲကိုဝင်​လာမှသူကအ​နောက်​က​နေ
လိုက်​ဝင်​လာသည်​။

ဝတိံလက်​​ဂေ့ချ်​ကိုထားဖို့သူ့အခန်းထဲဝင်​လာ​တော့
သူကလဲအခန်းထဲဝင်​လာ၏....။

ဝတိံလက်​​ဂေ့ချ်​ကိုသူ့ကုတင်​နားမှာထားပြီး
သူ့ကိုလှည့်ကြည့်လိုက်​သည်​။

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now