part.30 ( uni & zawgyi )

7.4K 280 11
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

        အပိုင်း(၃၀)
    ~~~~~~~~~~

"​ပေး...."

မယုံသကာင်္အကြည့်နှင့်လက်​ဖြန့်ပြီး​တောင်းလာတဲ့
သူမရဲ့လက်​ထဲကို...စစ်​Airconရီမုဒ်​ကို
ထည့်​ပေးလိုက်​၏...။

"ကိုယ့်ကို​တော်​​တော်​အယုံအကြည်​ရှိတာပဲ​နော်​
အခန်းထဲထိလိုက်​လာပြီးအဲကွန်းတစ်​ကယ်​ပျက်​
မပျက်​များစစ်​ကြည့်ရ​သေးတယ်​..."

".......... ..."

မ​ကျေမနပ်​​ပြော​လာတဲ့သူ့ကိုမသိချင်​​ယောင်​
​ဆောင်​ပြီးဝတိံရီမုဒ်​ကိုအမျိုးမျိုးနှိပ်​ကြည့်​ပေမဲ့
အဲကွန်းကလုံးဝအလုပ်​မလုပ်​...၊

ဒါ​တောင်​မ​ကျေနပ်​နိုင်​​သေးသလိုဝတိံရီမုဒ်​ကို
လှည့်ပါတ်​ကြည့်​တော့သူကဟက်​ခနဲရယ်​သည်​။

"ဘာလဲ...ဓာတ်​ခဲထုတ်​ထားတယ်​လို့
ထင်​​နေတာ​တော့မဟုတ်​ပါဘူး​နော်​...."

​ပြောရင်းစစ်​သူမလက်​ထဲကရီမုဒ်​ကိုလှမ်းယူပြီး
အဖုံးဖွင့်ပြလိုက်​သည်​။

"မြင်​ပြီလားဒီမှာဓာတ်​ခဲရှိတယ်​...."

"ဝတိံကရှင့်ကိုဘာ​ပြော​နေလို့လဲ...."

မျက်​နှာ​ပေါ်ဝဲကျ​နေတဲ့ဆံစတစ်​ချိူ့ကို
နားရွက်​​နောက်​သိမ်းညှပ်​ပြီး​ပြောလိုက်​တဲ့သူမရဲ့
အသံ​လေးကအနည်းငယ်​​ပျော့​ပြောင်း​နေပြီဖြစ်သည်​။

ထိုအခါ စစ်​ရဲ့နူတ်​ခမ်းပါးအစုံကသူမ,မမြင်​​အောင်​
ညွတ်​​ကွေးပြုံးသွားခဲ့ရ၏... ။

တစ်​ကယ်​တမ်းဒီအအဖြစ်​​တွေကိုကြိုမြင်​​နေတာမို့
အားကုန်​​နေတဲ့ဓာတ်​ခဲအ​ဟောင်း​ကိုရီမုဒ်​ထဲ
ထည့်ထားတဲ့စစ်​ရဲ့အကြံညဏ်​ကြီးမားမူ့ကို​တော့
သူမရိပ်​မိနိုင်​ခဲ့မည်​မထင်​​ချေ....။

~~~~~~~~~~💛💛💛

"ဝတိံအိပ်​ရာ​သေချာပြင်​ပြီးသွားပြီ...
ဦးစစ်​အိပ်​လို့ရပြီ​နော်​......"

ဝတိံအခန်းထဲကအိပ်​ယာကို​သေချာပြင်​ပြီးသွား​တော့
​ဘေးမှာရပ်​ကြည့်​နေတဲ့သူ့ကို​ပြောလိုက်​သည်​။

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now