part.10 ( uni & zawgyi )

7.6K 233 7
                                    

💛နှလုံးသားကိုချည်တဲ့နှောင်ကြိုး💛

            အပိုင်း(၁၀)
         ~~~~~~~~~

"သူဌေး...."

ဝတိံရုတ်တရပ်ကြီးအရှေ့ကိုရောက်လာသော
သူ့ကြောင့်လက်ထဲမှာရှိနေတဲ့ဖန်ခွက်ထဲကရေနွေး
တွေပင်စားပွဲပေါ်ဖိတ်ကျကုန်ရ၏...၊

"Sorryပါအစ်ကို...ကျွန်တော်တို့လူရှိမှန်း
မသိလို့ပါ..."

ကျောင်းသားလေးတွေကသူ့ကိုတောင်းပန်စကား
ဆိုပြီးအနားကနေပြန်ထွက်သွားကြသည်။
ထိုအခါမှသူကဝတိံရှေ့မှာခပ်တည်တည်နှင့်
ဝင်ထိုင်လိုက်၏...။

"သူဌေးက...ဒီကိုဘယ်ဘယ်လိုဖြစ်ပြီး...."

ဝတိံစကားကိုဆုံးအောင်မပြောနိုင်ဘဲလမ်းမပေါ်ကို
လှမ်းကြည့်လိုက်တော့...လမ်းတစ်ဖက်ရဲ့
နေရာမှာရာရပ်ထားတဲ့အနက်ရောင်ကားကြီးကို
မြင်လိုက်ရသည်။

ဒါသူဌေးရဲ့ကားပဲ...ဒါဆိုဒါက
ဝတိံထင်ယောင်ထင်မှားဖြစ်တာမဟုတ်ဘူးပဲ
သူဌေးကလူအကောင်လိုက်ကြီးဝတိံရှေ့မှာ
ရောက်နေတာပေါ့....၊

"ဘာဖြစ်လို့လဲ...ဘာလို့ပြူးကြည့်နေတာလဲ
ငါကအဲ့လောက်တောင်လန့်ဖို့ကောင်းလို့လား...."

မျက်လုံးပြူးလေးနှင့်ကြောင်ကြည့်နေတဲ့သူမကို
စစ်မေးငေါ့ပြလျက်မေးလိုက်တော့...
သူမကခေါင်းကိုကပျာကာယမ်းပြရင်း....၊

"အဲ့လိုမဟုတ်ပါဘူး...ဝတိံကသူဌေးကို
ဒီနေရာမှာရုတ်တရပ်တွေ့လိုက်ရတော့အံ့ဩသွားလို့ပါ..
ဟို..သူဌေးကဘယ်ကိုလာတာလဲဟင်...."

"အင်း...ဒီနားကအသိတစ်ယောက်ဆီလာတာ...."

စစ်ပါးစပ်ထဲရှိရာကောက်ဖြေလိုက်သည်။

"ဟင်...ဒီနားမှာသူဌေးရဲ့အသိရှိလို့လား...."

ဝတိံဇဝေဇဝါဟန်လေးနှင့်မေးတော့သူက
မှင်သေသေနှင့်ခေါင်းငြိမ့်ပြ၏...၊

"ဒါဆို...ဒီဆိုင်ထဲကိုရောဘာဝင်လုပ်တာလဲဟင်..."

"မိုးအေးနေတဲ့အချိန်ပူပူလောင်လောင်တစ်ခုခု
စားချင်လို့....ကားပေါ်ကနေလှမ်းကြည့်တော့
ဆိုင်မှာလူပြည့်နေမှန်းမသိလိုက်ဘူး....
ပြီးတော့မင်းနဲ့လည်း​ဒီလိုမထင်မှတ်ပဲဆုံရသေးတယ်..."

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now