part.22 ( uni & zawgyi )

7.3K 256 8
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

         အပိုင်း(၂၂)
     ~~~~~~~~~~

"အား..အ​မေ​ရေ!....."

"ဟာ!...မင်း...."

နှစ်​​ယောက်​သားကြမ်းပြင်​​ပေါ်လုံး​ထွေး
ပစ်​ကျသွားခဲ့ရခြင်းရဲ့အဆုံးသတ်​အ​နေနဲ့
တဘက်​ကိုရင်​လျားထား​သော​ရေစက်​လက်​နှင့်
သူမကိုယ်​​လေးက...စစ်​​ကိုယ်​​ပေါ်မှာ
ပစ်​စလတ်​ခတ်​အ​နေအထားနှင့်ရှိသွားခဲ့၏

"ဟင်​...ဦး...ဦးစစ်​......"

ရုတ်​တရပ်​ထူပူသွားတဲ့ရှက်​ရွံ့မူ့​ကြောင့်
သူ့ကိုယ်​​ပေါ်က​နေအတင်းကြုံးထလိုက်​တဲ့...ဝတိံ၊

"ကျစ်​...အာ့..​သေပါပြီကွာ..."

သူက​တော့ကြမ်းပြင်​​ပေါ်မှာလဲကျ​နေရာမှ
ချက်​ချင်းမထနိုင်​​ဘဲငြီးငြူ​နေတာ​ကြောင့်
ဝတိံ​ခြေမကိုင်​မိလက်​မကိုင်​မိဖြစ်​သွားရရင်း
မလုံမခြုံဖြစ်​​နေတဲ့ကိုယ့်အ​ခြေအ​နေကိုယ်​လည်း
သတိမထားနိုင်​​တော့...၊

"ဦးစစ်​...ဘယ်​နားနာသွားတာလဲဟင်​...
ဝ.ဝတိံဘာလုပ်​​ပေးရမလဲ...."

"ရတယ်​...ရတယ်​...ဘာမှမဖြစ်​ဘူး.."

စစ်​...သူမထံကဖျပ်​ခနဲအကြည့်လွှဲကာပြန်​​ဖြေရင်း
နာကျင်​​အောင့်တက်​သွားတဲ့ပခုံးတစ်​ဖက်​ကို
ဖိဆုပ်​လျက်​ထထိုင်​လိုက်​သည်​။

"မင်း...ဘာဖြစ်​လို့ငါ့အခန်းထဲ​ရောက်​​နေတာလဲ..."

သူမဘက်​ကိုအကြည့်​တွေမ​ရောက်​မိ​အောင်​
ကြိုးစားပြီး​မေးလိုက်​သည်​။

"ဟို...ဝတိံ​ရေချိုး​နေရင်းနဲ့အခန်းထဲမှာ​ရေမလာ​တော့လို့
အဲ့ဒါ့​ကြောင့်ဒီမှာခဏလာချိူး​နေတာ..."

သူမပြန်​​ဖြေ​တော့လှည့်မကြည့်မိ​အောင်​ထိန်း​နေတဲ့
ကြားကစစ်​သတိလက်​လွတ်​ငဲ့ကြည့်လိုက်​မိပြန်​၏..၊

​​ခေါင်း​လျော်​ပြီးကာစ​...ရေမသုတ်​ရ​သေးတဲ့
ဆံပင်​​တွေနှင့်..တဘက်​လွတ်​​နေတဲ့ရင်​ဘတ်​၊ပခုံးနှင့်
လည်​တိုင်​နှင့်လက်​​မောင်းသား​လေး​တွေမှာ
တွဲခိုသီး​နေတဲ့​ရေစက်​​တွေ...၊

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now