part.29 ( uni & zawgyi )

7.2K 267 15
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

         အပိုင်း(၂၉)
     ~~~~~~~~~~

"ကိုယ်​အခုကစပြီးမင်းကိုလိုက်​​တော့မှာ...အဲ့ဒါ​ကြောင့်
လွတ်​​အောင်​​ပြေးဖို့မစဉ်းစားနဲ့​တော့...သိပြီလား
​ဘေဘီဆွိတီ​လေး...အဟွန်း....."

ုကြည့်စမ်း...ရုပ်​ကိုကမချိုမချဉ်​နဲ့ဘယ်​​လောက်​
အမြင်​ကပ်​ဖို့​ကောင်းလိုက်​သလဲ?

ဝတိံနီးနီး​လေးမြင်​​နေရတဲ့သူ့မျက်​နှာကို
​မော့​ငေးကြည့်ရင်းစိတ်ထဲက​အမြင်​ကပ်​စွာဆိုလိုက်​ကာ
​ခြေ​ထောက်​​လေးတစ်​ဖက်​ကိုကြွလိုက်​ပြီး
သူ့​ခြေ​ထောက်​​ပေါ်ဆတ်​ခနဲဖိနင်းချပစ်​လိုက်​လျှင်​...

"အာ့..."

​ခြေ​ထောက်​အနာ​ကြောင့်သူ့လက်​​တွေအား​လျော့
သွားမှဝတိံအတင်းရုန်းထွက်​ပစ်​လိုက်​သည်​။

"ဘယ်​သူကရှင့်ရဲ့​ဘေဘီဆွိတီလဲ
အရှက်​မရှိတဲ့လူကြီး...ရှင်​ဝတိံကိုလုံးဝမကြိုက်​ပါဘူး
လို့​ပြောခဲ့တာဘယ်​တုန်းကမို့လို့လဲ....
ခုမှလာပြီး​တော့...ဟွန့်...မသိဘူးရှင့်ကိုမုန်းတယ်​...."

စိတ်​ထဲကမပါတဲ့စကားမှန်းသိ​ပေမဲ့...
သူမနူတ်​ဖျားမှမုန်းတယ်​ဆိုတဲ့စကားက
အ​တော်​​လေးကို​အောင့်သက်​သက်​ဖြစ်​​စေ၏...။

သူမ​က​တော့​ပြောချင်​ရာ​ပြောပြီးစစ်​ကို
တိုးတိုက်​ကာလှမ်းထွက်​ဖို့ပြင်​​တော့
စစ်​...သူမရဲ့ခါးကိုလှမ်း၍ဆွဲဖက်​လိုက်​၏...
​ယောကျာင်္းအားနှင့်မို့...​ကော့တက်​ပြီးပါလာတဲ့
ခနာ္တကိုယ်​​လေးကစစ်​ရင်​ခွင်​ထဲတဖန်​ပစ်​ဝင်​လာ
ပြန်​တာကပစ်​စလတ်​ခတ်​နှင့်ဖြစ်​သည်​။

သူမရန်​မ​တွေ့လာနိုင်​​သေးခင်​...
တဆတ်​ထဲစစ်​..​နောက်​ထပ်​လက်​တစ်​ဖက်​နှင့်
​မေးဖျားသွယ်​သွယ်​​လေးကိုချုပ်​ကိုင်​လျက်​
မျက်​နှာ​လေးကိုဆွဲ​မော့ပစ်​လိုက်​ရင်း...၊

"စိတ်​ထဲကမပါမှန်းသိ​ပေမဲ့...​နောက်​တစ်​ခါကိုယ့်ကို
မုန်းတယ်​လို့လုံးဝမ​ပြောနဲ့....."

"ဘာကိုစိတ်​ထဲကမပါရမှာလဲ...စိတ်​ထဲကပါလို့ကို
​ပြောတာ...မုန်းတယ်​..မုန်းတယ်​..."

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now