part.26 ( uni & zawgyi )

7.4K 273 10
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

        အပိုင်း(၂၆)
    ~~~~~~~~~~

"ဟင့်အင်း...အ.အခန်းထဲမှာဆိုရင်​ပိုပြီး
​မှောင်​​နေမှာ​ပေါ့..ဝတိံမ​နေရဲဘူးဦးစစ်​လည်း
ဝတိံနဲ့အတူဒီမှာပဲ​နေ​ပေးလို့မရဘူးလားဟင်​
ဦးစစ်​ဆိုဖာ​ပေါ်မှာလှဲချင်​လှဲ​လေ...ဝတိံ
​အောက်​မှာပဲထိုင်​ပါ့မယ်​....."

စစ်​နဲ့အတူအခန်းထဲကိုလိုက်​ရမှာလည်း​​ကြောက်​
အ​မှောင်​ထဲမှာလည်းတစ်​​ယောက်ထဲမ​နေရဲဖြစ်​​နေရှာသည့်
သူမက​ပြော​နေရင်းငိုမဲ့မဲ့​လေးဖြစ်​လာ​တော့
စစ်​..သက်​ပြင်း​ငွေ့​ငွေ့ချလိုက်​ရင်း...စစ်​ရဲ့
လက်​​မောင်းကိုအားကိုးတကြီးဆုပ်​ကိုင်​ထားတဲ့
သူမရဲ့လက်​တစ်​ဖက်​ကိုအသာဖယ်​ချလိုက်​ကာ..၊

"​ကောင်းပြီ​လေ...ကိုယ်​အခန်းထဲမဝင်​​တော့ဘူး
ဒါ​ပေမဲ့တစ်​ခု​တော့ရှိတယ်​...မင်းလည်း​အ​မှောင်​ထဲမှာ
ဖုန်းလုံးဝမကိုင်​ရဘူး...ဘယ်​လိုလဲ"

"အင်း..မကိုင်​ဘူး...ဝတိံလုံးဝမကိုင်​ပါဘူး
စက်​ပါပိတ်​လိုက်​မယ်​​နော်​..."

​ပြော​ပြောဆိုဆိုနှင့်မှန်​စားပွဲ​ပေါ်ကဖုန်းကို
ကပျာကယာ​လေး​ကောက်​ယူကာသူမက
စက်​ပါပိတ်​လိုက်​​သောအခါ...သူမ​ကောင်း​ကောင်း
မမြင်​နိုင်​တဲ့အ​မှောင်​ထဲမှာစစ်​ရဲ့နူတ်​ခမ်း​တွေက
သိသိသာသာ ညွတ်​​ကွေးပြုံးသွားခဲ့ရင်း....၊

~~~~~~~~~

"မီးကလည်း​ကြာလိုက်​တာ...မီးစက်​ကလဲခုထိမနိူး​
သေးဘူး....."

ဝတိံကြမ်းပြင်​​ပေါ်မှာငုတ်​တုတ်​​လေးထိုင်​​နေရင်း
သူလှဲ​​နေတဲ့ဆိုဖာ​ကို​ကျော​လေးမှီထားရာမှ
ခပ်​တိုးတိုး​လေးငြီးငြူလိုက်​မိကာ...
​ခေါင်း​လေးငဲ့လျက်​သူ့ကိုကြည့်လိုက်​မိ​တော့...
သူကမအိပ်​​သေး​ပေမဲ့နဖူး​ပေါ်လက်​တင်​လျက်​
ငြိမ်​သက်​​နေ၏....။

"ဦးစစ်​...ဝတိံတ်ို့တစ်​အိမ်​ထဲမီးတစ်​ခုခုဖြစ်​​နေတာလား
မသိဘူး​နော်​...ဝတိံအပြင်​ကိုထွက်​ကြည့်လိုက်​
ရမလား...."

"တစ်​အိမ်​ထဲ​တော့ကွက်​ပြီးမီးပျက်​စရာလား...
မီစက်​မနိူး​သေးတာစက်​တစ်​ခုခုချိူ့ယွင်း​နေလို့
ဖြစ်​မှာ​ပေါ့...."

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now