💛နှလုံးသားကိုချည်တဲ့နှောင်ကြိုး💛
အပိုင်း(၃)
~~~~~~~~~"ကျွီ...."
Dream ဟိုတယ်ရဲ့ကားပါကင်မှာဆုမြတ်က
ကားကိုပါကင်ထိုးလိုက်ပြီးမျက်ရည်လည်ရွဲ
မျက်နှာလေးနှင့်ဝတိံဘက်ကိုငဲ့ကြည့်သည်။"ငါဒီလိုလုပ်လို့ဖြစ်ပါတယ်နော်...ဝတိံ.."
ရိူက်သံအက်အက်လေးနှင့်မေးလာတဲ့
ဆုမြတ်ကိုဝတိံခေါင်းလေးဆတ်ခနဲငြိမ့်ပြလိုက်ရင်း
လက်လေးတစ်ဖက်ကိုနှစ်သိမ့််သလိုထွေးဆုပ်
လိုက်သည်။"ငါရှိတယ်လို့ပြောပြီးပြီပဲ....နင်ဘာမှမကြောက်နဲ့..."
ဝတိံဆုမြတ်ရဲ့လက်ကိုဆွဲပြီးကားပါကင်ကနေ
ဓာတ်လှေကားနှင့်ဟိုတယ်ထိတက်လာခဲ့တဲ့
တစ်လျောက်ချစ်စရာမျက်နှာလေးကဒေါသ
တို့ဖြင့်နီမြန်းနေလျက်.....ညအိပ်ခါနီးအိမ်နေရင်းအဝတ်အစားနဲ့ပဲ
ထွက်လာတာမို့...ဟိုတယ်ထဲကိုရောက်သောအခါ
အဖြူရောင်တီရှပ်အပွနှင့်ဂျင်းပန်င်အတိုအပွလေးကို
ဝတ်ထားပြီးလိူင်းတွန့်ဆံနွယ်ကောက်လေးတွေကို
ထိတ်မှာစုစည်းထားပြီးဖရိုဖရဲဖြန့်ချထားတဲ့
ဝတိံကိုဟိုတယ်ထဲကလူတွေကအထူးအဆန်းလို
ကြည့်ကြ၏.....ဝတိံကတော့ထိုမျက်ဝန်းတွေကိုဂရုမစိုက်ပဲ
ဆုမြတ်ရဲ့လက်ကိုသာခပ်တင်းတင်းလေး
ဆုပ်ကိုင်ထားရင်းreceptionကိုသာ
တန်းတန်းမတ်မတ်လျောက်လာခဲ့၏...."မင်္ဂလာပါရှင်..dreamဟိုတယ်ကကြိုဆိုပါတယ်
ဘာများအကူအညီပေးရမလဲရှင့်....."ရီဆက်ရှင်ကဧည့်ကြိုမိန်းမချောလေးများ၏
ပျူဌာဖော်ရွေသောအမေး..." သတ္တိကောင်းကင်နာမည်နဲ့ဧည့်သည်ကဒီဟိုတယ်ကအခန်းနံပတ်ဘယ်လောက်ကိုယူထားတာလဲမသိဘူးရှင့်.... "
" ရှင်... "
ဝတိံရဲ့ခပ်တည်တည်အမေးကြောင့်ဝန်ထမ်းကောင်မလေးကြောင်သွားသည်...။ဝတိံမျက်နှာကိုမှင်သေသေထားလိုက်ရင်း....၊
YOU ARE READING
💕နှလုံးသားကိုချည်တဲ့နှောင်ကြိုး💕 [ Completed ]
Romance💕 ဒိတ်ဒိတ်ကြဲပရိုဂျူဆာကိုလူချောနဲ့....ဒီဇိုင်နာဖြစ်ချင်တဲ့အိပ်မက်တွေကိုသယ်ပိုးထားတဲ့ကောင်မလေးတစ်ယောက်ရဲ့...အလွဲများနဲ့အစပြုခဲ့တဲ့ဖူးစာရေစက်.....၊ 💕 နာမည်ကျော်မော်ဒယ်မင်းသမီးတွေကိုထည်လဲတွဲကာအချစ်ကိုကစားစရာတစ်ခုလိုသဘောထာ...