💛နှလုံးသားကိုချည်တဲ့နှောင်ကြိုး💛
အပိုင်း(၅)
~~~~~~~~~~"ရှင်...ရှင်ဖြစ်နေပြန်ပြီ....."
အလွန်တရာထိတ်လန့်အံ့ဩသွားဟန်လေးနှင့်
စစ်ရင်ဘတ်ကိုတွန်းကန်ပြီးသူမကအနောက်ကို
ချက်ချင်းဆုတ်သွားသည်။စစ်...အီဆိမ့်သွားတဲ့ညိုသကျည်းကဝေဒနာကြောင့်
ရူံ့မဲ့နေတဲ့မျက်နှာနှင့်သူမကိုဒေါသတကြီးကြည့်
လိုက်မိလျှင်...၊"ဘယ်လိုဖြစ်ပြီး...ရှင်ပဲထပ်ဖြစ်နေရတာလဲ...."
မျက်လုံးပြူးလေးနှင့်မယုံနိုင်သလိုမေးလာတဲ့
သူမကြောင့်...စစ်'ကျစ်´ခနဲစုပ်သပ်လိုက်မိရင်း...."အဲ့ဒီ့စကားကငါပြောရမှာမဟုတ်ဘူးလား...ဟမ်..."
နှစ်ယောက်ကိုကြည့်ပြီးဘေးမှာရပ်နေတဲ့စိုင်းရန်ကလဲ
ပါးစပ်အဟောင်းသား...ထိုအချိန်ဓာတ်လှေကားက
အပေါ်ကိုတက်သွားခဲ့ပြီဖြစ်သည်။"နေစမ်းပါဦး...မင်းကဒီကုမ္မဏီကိုဘာလာလုပ်တာလဲ..."
"ဝတိံကဒီကုမ္မဏီမှာဒီနေ့မှအလုပ်စဝင်တာပါ...
Stylist ဌာနကဒီဇိုင်နာအဖြစ်နဲ့ပါ...."ဂုဏ်ယူစွာဝင့်ကြွားသလိုလေးပြောလာတဲ့သူမကို
စစ်,ခြေဆုံးခေါင်းဆုံးတစ်ချက်ကြည့်မိရင်း...."ဘာရယ်...မင်းကStylistဌာနကဝန်ထမ်းအသစ်
ဟုတ်လား....""ဟုတ်...."
"သူတို့ကမင်းကိုအလုပ်ခန့်ခဲ့တာလား...ကြည့်ရတာ
အင်တာဗျူးကတာဝန်ခံတွေအမြင်မရှိကြဘူးနဲ့
တူတယ်.....""ဘာရှင့်...."
သူ့စကားကြောင့်ဝတိံစိတ်တိုသလိုလေးဖြစ်သွားရကာ
အောက်နူတ်ခမ်းလေးကိုသွားချွန်ချွန်နှင့်
ဖိကိုက်လိုက်ရင်း...၊"ရှင်ကရောဒီကိုဘာလာလုပ်တာလဲ....."
"ငါဒီကိုဘာလာလုပ်တာလဲမပြောခင်.....
ဝန်ထမ်းအသစ်ဖြစ်တဲ့မင်းကဘာလို့VIP
ဓာတ်လှေကားထဲပြေးဝင်လာတာလဲဆိုတာ
အရင်ပြော...VIPဓာတ်လှေကားက
ကုမ္မဏီရဲ့အထက်လူကြီးတွေပဲသုံးခွင့်ရှိတာမသိ
ဘူးလား...."
YOU ARE READING
💕နှလုံးသားကိုချည်တဲ့နှောင်ကြိုး💕 [ Completed ]
Romance💕 ဒိတ်ဒိတ်ကြဲပရိုဂျူဆာကိုလူချောနဲ့....ဒီဇိုင်နာဖြစ်ချင်တဲ့အိပ်မက်တွေကိုသယ်ပိုးထားတဲ့ကောင်မလေးတစ်ယောက်ရဲ့...အလွဲများနဲ့အစပြုခဲ့တဲ့ဖူးစာရေစက်.....၊ 💕 နာမည်ကျော်မော်ဒယ်မင်းသမီးတွေကိုထည်လဲတွဲကာအချစ်ကိုကစားစရာတစ်ခုလိုသဘောထာ...