part.49 ( uni & zawgyi )

5.9K 235 5
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

          အပိုင်း(၄၉)
      ~~~~~~~~~~

"ဒယ်​ဒီ​ရေ...."

"ဗျာ..."

သံပြိုင်​​ခေါ်သံ​လေး​တွေနဲ့အတူ
စာကြည့်ခန်းဝက​နေ​ခေါင်း​လေးပြူကြည့်လာတဲ့
သမီးနှစ်​​ယောက်​​ကြောင့်...စစ်​
Laptopတလုံးနှင့်အလုပ်​ရူပ်​​နေရာက​နေ
လှမ်းကြည့်လိုက်​သည်​။

"ဝင်​ခဲ့ကြ​လေ...သဲငယ်​​လေး​တွေ...."

အ​ဖေဖြစ်​သူကလှမ်း​ခေါ်မှညအိပ်​ဝတ်​စုံဆင်​တူ​လေး​တွေနဲ့
ဆင်တူယုန်​အရုပ်​​လေးကိုပိုက်​ထားတဲ့အမြွှာ
နှစ်​​ကောင်​ကအထဲကိုလှမ်းဝင်​လာ၏...။

အမြွှာဆိုတဲ့အတိုင်းဘယ်​အရာဆိုဆင်​တူမှ
ကြိုက်​တတ်​တဲ့အချစ်​​နဲ့ခေတ်​...ချစ်​စရာမျက်​နှာ၊
အရပ်​အ​မောင်း​၊ခနာ္တကိုယ်​​လေး​တွေကတစ်​စက်​​လေးမှ
ခွဲမရ​အောင်​တူလွန်း​နေ​ပေမဲ့...၁၀မိနစ်​ကြီးတဲ့အချစ်​ကအ​ပေါ်
နူတ်​ခမ်း​ထောင့်မှာထင်း​နေတဲ့မှဲ့နက်​​လေးတလုံး
ပါ၏..​​ခေတ်​က​တော့အချစ်​ထက်​စာရင်​နည်းနည်းလည်း
အ​နေ​အေးသည်​။​သေချာတာက​တော့နှစ်​​ယောက်​လုံး
အ​မေတူသမီး​လေး​တွေပင်​....သွက်​လက်​ချက်​ချာ
လွန်းပြီးမဟုတ်​မခံဆတ်​ဆတ်​ကြဲအ​မွှေစိန်​​လေး​တွေ​လေ..။

အဲ့ဒါ​ကြောင့်လည်း​ဒီကဒယ်​​ဒီကြီးခမျာသားအမိ
သုံး​ယောက်​ကြားဗျာများ​နေရတာ​....။

"အဟွန်း...."

ကိုယ့်အ​တွေးနဲ့ကိုယ်​စစ်​ပြုံးလိုက်​မိစဉ်​မှာပဲ
သမီးနှစ်​​ယောက်​ကအနား​ရောက်​လာပြီး
စစ်​ရဲ့တစ်​ဖက်​ဆီမှာလာရပ်​သည်​။

"အချစ်​တို့မာမီနဲ့ video call​ပြောချင်​တယ်​..."

"အင်း..မာမီကဒီအချိန်​ဘယ်​အားဦးမှာလဲသဲငယ်​ရဲ့
ခုမှအ​စောကြီးရှိ​သေးတာ..အန်​တီဆုမြတ်​ကို
​ဆေး​တွေ၊ဘာ​တွေတိုက်​ရဦးမှာ​ပေါ့..."

"ဟင်း..ဒယ်​ဒီကလည်း​အဲ့လိုနဲ့​ခေတ်​တို့က
အိပ်​​ပျော်​သွားရင်​...ဒယ်​ဒီတစ်​​ယောက်​ထဲ
မာမီနဲ့ဖုန်း​ပြော​တော့မှာမဟုတ်​လား...."

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now