part.48 ( uni & zawgyi )

6.5K 243 11
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

        အပိုင်း(၄၈)
     ~~~~~~~~~

မိန်းက​လေးအမြွှာဆိုတဲ့အက်​ထရာ​ဆောင်း
Resultအ​ဖြေထွက်​လာတဲ့​နောက်​မှစ၍
သူနဲ့ဝတိံအတွက်​ပိုလာတဲ့အလုပ်​တစ်​ခုက...
အင်္ကျီဂါဝန်​​သေး​သေး​လေး​တွေ၊ချစ်​စရာအရုပ်​​လေး​တွေ
ဦးထုပ်​လှလှ၊ဖိနပ်​လှလှ​လေး​တွေကိုတ​နေ့တမျိုး
မရိုးနိုင်​​အောင်​ဝယ်​ယူစု​ဆောင်း​နေခဲ့ခြင်းသာ
ဖြစ်​​တော့သည်​။

ကိုယ်​ဝန်​လရင့်လာ​လေ​လေ..ဝတိံကိုပိုပြီး
စိတ်​မချနိုင်​​လေဖြစ်​လာတဲ့သူ့​ကြောင့်
သူကုမ္ပဏီကိုသွား​နေတဲ့အချိန်​ဆိုအ​မေကဝတိံနဲ့အတူ
အ​ဖော်​လာ​နေ​ပေးခဲ့သည်​။တခါတ​လေဆုမြတ်​နဲ့
အတူ​ပေါ့...​နောက်​ပြီးအမြွှာ​လေးနှစ်​​ယောက်​အတွက်​
အနာဂါတ်​ကိုကြို​တွေးထားတဲ့သူက...
က​လေး​တွေလမ်း​လျှောက်​​ဆော့ကစားတတ်​တဲ့
အရွယ်​​ရောက်​တဲ့အခါကွန်​ဒိုအစား...
မိသားစု​တွေ​ပြောင်း​ရွေ့​နေထိုင်​ဖို့အတွက်​.....
သူပိုင်​တဲ့​မြေ​နေရာတစ်​ခုနဲ့ခြံဝန်းကျယ်​ကြီး​ပေါ်မှာ
ဝတိံနဲ့သူ့စိတ်​ကြိုက်​ဒီဇိုင်းထုတ်ပြီးအိမ်​လှလှ​လေး
တစ်​လုံးကိုလည်း​တည်​​ဆောက်​​နေခဲ့၏....။

ဒီလိုနဲ့ရက်​​ပေါင်းများစွာကုန်​လွန်​ခဲဲ့ပြီး
ဝတိံပင်​​မွေးခါနီး၊ဖွားခါနီးအချိန်​သို့​နီးကပ်​လာခဲ့ပြီ
ဖြစ်​သည်​။စူလုံးလုံးနှင့်တ​နေ့တခြားပိုပြီးပူလာတဲ့
​ဗိုက်​​လေးက​နေဝတိံနဲ့သူ့ရဲ့ကိုယ်​ပွား​လေး​တွေ
လူ့​လောကထဲကို​ရောက်​ရှိလာဖို့တာစူ​နေတဲ့
အချိန်​လည်းဖြစ်​​တော့သည်​။

~~~~~~~~~~~~~~~~

"Ring>>>Ring>>📱..."

မနက်​ဖြန်​dreamကုမ္ပဏီက​နေရုံတင်​ပြသမည့်
ရုပ်​ရှင်​ဇာတ်​ကားသစ်​တစ်​ခုရဲ့အထူးပြပွဲမို့..
စစ်​ညနက်​တဲ့အထိစာကြည့်ခန်းထဲမှာအလုပ်​ရူပ်​
​နေခဲ့စဉ်​...စားပွဲ​ပေါ်မှာထမြည်​လာတဲ့ဖုန်း​ကြောင့်
ကြည့်လိုက်​​တော့အခန်းထဲကသူမကလှမ်း​ခေါ်​နေခြင်း
ဖြစ်​၏....။

​မွေးဖွားခါနီးမို့အရင်​လိုသွက်​သွက်​လက်​လက်​
လူပ်​ရှားနိုင်​ခြင်းမရှိတဲ့သူမကတစ်​ခါတစ်​​လေ
အိမ်​​ရှေ့ခန်းနှင့်အိမ်​ခန်းကို​တောင်​စစ်​ကို​ခေါ်ချင်​ရင်​
ဖုန်းနဲ့ပဲလှမ်း​ခေါ်​နေကြပင်​.....။

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now