part . 17 ( uni & zawgyi )

7K 232 10
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

           အပိုင်း(၁၇)
       ~~~~~~~~~~.

"Aigoo..ငါ့သူငယ်​ချင်း​လေးကချစ်​စရာ
​ကောင်းလိုက်​တာကြည့်ဦး..."

ဝတိံမျက်​နှာကို,ကိုယ်​တိုင်​​ပေါင်းတင်​​ပေးပြီး
​ပြောင်​အိ​နေတဲ့ပါး​ဖောင်း​ဖောင်း​လေး​တွေကို
တို့ထိကြည့်ကာသ​ဘောကျသလို​ပြော​နေတဲ့
ဆုမြတ်​....၊

" ကြည့်ဦး....နင့်မျက်​နှာ​လေးက​ပြောင်​အိ​နေပြီ​နေတာပဲ..."

"ဟုတ်​လား....ဒါ​ပေမဲ့ငါကအမြဲတမ်းအိပ်ခါနီး​သနပ်​ခါးပဲလိမ်း​နေကြဆို​တော့....တစ်​မျိုးကြီးပဲ.... "

ဝတိံ​ပြောရင်း​မွေ့ယာ​ပေါ်
ချထားတဲ့မှန်​ကိုပြန်​ယူကြည့်လိုက်​သည်​။

" ဟင်း...လှပါတယ်​ဆိုမှ​ရေမချိုးရ​သေးလုပ်​​နေပြန်​ပြီ.... "

ဆုမြတ်​ကစ​နောက်​ကာ​ပြောရင်းဝတိံကိုသ​ဘောကျသလို​လေး​ငေးကြည့်​နေ​တော့ဝတိံမှန်​ကိုပြန်​ချကာဆုမြတ်​ကိုယ်​
​လေးကိုလှမ်းဖက်​​လိုက်​သည်​။

"ဒီ​နေ့အိမ်​မပြန်​ဘဲငါနဲ့အိပ်​မှာမဟုတ်​လား...အဆုမ..."

"အဟွန်း...ငါဘယ်​နှစ်​ခါ​ပြောရမှာလဲငါဒီ​နေ့နင်​နဲ့
အတူအိပ်​မှာ...အိမ်​ကို​တောင်​ဖုန်းဆက်​ပြီးသွားပြီ...
ရည်းစား​​လေး​တောင်​မထားခဲ့ဖူးတဲ့ငါ့သူငယ်​ချင်း
​လေးကဗြုန်းစားကြီးခုလိုလက်​ထပ်​​တော့မှာဆို​တော့
​နောက်​ဆိုငါတို့​တွေအရင်​လိုလွတ်​လွတ်​လပ်​လပ်​
​နေလို့ရချင်​မှရ​တော့မှာ​လေ....."

ဘာမှမသိရှာတဲ့ဆုမြတ်​စကား​ကြောင့်
ဝတိံကိုယ့်အ​ကြောင်းနဲ့ကိုယ်​အီလည်​လည်​
မျက်​နှာ​လေးဖြစ်​သွားရ​၏။

"နင်​ကလည်း...ငါစိတ်​မ​ကောင်း​အောင်​မ​ပြောပါနဲ့
လက်​ထပ်​လိုက်​တာနဲ့ငါတို့ကအရင်​လိုလွတ်​လွတ်​
လပ်​လပ်​မ​နေရမှာနဲ့ဘာဆိုင်​လို့လဲ....နင်​ကအမြဲတမ်း
ငါ့ရဲ့အချစ်​ဆုံးသူငယ်​ချင်းပဲ...."

ဝတိံစကား​ကြောင့်ဆုမြတ်​ကသဲ့သဲ့ပြုံးကာ
ဝတိံရဲ့ဆံပင်​​လေး​တွေကိုသပ်​တင်​​ပေးသည်​။

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now