part.31 ( uni & zawgyi )

7K 255 7
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

        အပိုင်း(၃၁)
    ~~~~~~~~~

ဒီ​နေ့သူကုမ္ပဏီသွား​တော့ဝတိံအိမ်​မှာ​နေရမှာကို
ပျင်း​နေတာ​ကြောင့်အ​မေတို့ဆီ​ရောက်​လာခဲ့သည်​။

တိုက်​တိုက်​ဆိုင်​ဆိုင်​ဝတိံအိမ်​​ရောက်​​တော့
​တောင်​ကြီးကဖွားဖွားကြီးပို့လိုက်​တဲ့
စ​တော်​ဘယ်​ရီ ၊လက်​ဖက်​​ခြောက်​၊​ခေါပုတ်​၊
ပဲပုပ်​အစရှိတဲ့ပါဆယ်​ပစ္စည်း​တွေက
အိမ်​​ရောက်​​နေ၏....။

အ​မေကချက်​ချင်းပင်​ဖွားဖွားကြီးပို့လိုက်​တဲ့
စ​တော်​ဘယ်​ရီခြင်းကိုဝတိံတ်ို့အတွက်​ခွဲ​ဝေ
ထည့်​ပေးဖ်ို့ပြင်​သည်​။

"မိန်းက​လေးတစ်​​ယောက်​အတွက်​
အိမ်​​ထောင်​ပြုတယ်​ဆိုတာ..ထီထိုးသလိုပဲသမီးရဲ့
အရာအားလုံးကကိုယ့်ရဲ့ကံ​ပေါ်မှာပဲ
မူတည်​တယ်​..ကိုယ့်ရဲ့ခင်​ပွန်းကကိုယ်​နဲ့
လက်​မထပ်​ခင်​တုန်းကအ​သောက်​အစားကင်းပြီး
လိမ္မာ​ရေးခြားရှိ​နေတဲ့သူဖြစ်​​နေပ​စေဦး...
ကိုယ့်လက်​ထဲ​ရောက်​မှဆိုးသွမ်းလာခဲ့ရင်​လည်း​ကိုယ့်ရဲ့
ကံနဲ့ပဲဆိုင်​တယ်​....အဲ့လိုပဲကိုယ်​နဲ့လက်​မထပ်​ခင်​တုန်းက
ဘယ်​​လောက်​ပဲဆိုးသွမ်း​နေပ​စေ၊ကိုယ့်လက်​ထဲ
​ရောက်​မှလူ​ကောင်းတစ်​​ယောက်​လို​ပြောင်းလဲ
လာခဲ့ရင်​လည်း​ကိုယ့်ရဲ့ကံပဲ.. အဲ့ဒါ​ကြောင့်
မိန်းက​လေးတစ်​​ယောက်​အတွက်​အိမ်​​ထောင်​​ရေး
ကံ​ကောင်းဖို့ကဘဝအတွက်​အ​ရေးပါတယ်​...."

​ဘေးမှာထိုင်​ပြီး.....
​လေ​ပြေ​အေးနဲ့ဆုံးမ​နေတဲ့အ​မေ့ရဲ့စကား​တွေကို
နား​ထောင်​ပြီး..ဝတိံ​ရေ​ဆေးပြီးသား
စ​တော်​ဘယ်​ရီသီး​လေး​တွေကိုဘူးထဲကို
သိပ်​ထည့်​နေရင်းမှပြုံးလိုက်​မိသည်​။

အ​မေ​ပြောသလိုဆိုရင်​ဝတိံကကံ​ကောင်းတဲ့
မိန်းက​လေးတစ်​​ယောက်​ပဲဖြစ်​လိမ့်မယ်​ထင်​တယ်​....၊

"အ​မေ့အမြင်​မှာ​တော့အ​မေ့သမီး​လေးက
ကံ​ကောင်းပါတယ်​ကွယ်​...သားကိုကြည့်တာနဲ့
သမီးကိုဘယ်​​လောက်​ချစ်​လဲဆိုတာမြင်​​နေရတယ်​
ဟင်း..ဟင်း...."

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now