💛နှလုံးသားကိုချည်တဲ့နှောင်ကြိုး💛
အပိုင်း(၃၅)
~~~~~~~~~~~"ရပြီ...ရပြီ...အဲ့ဒီနေရာမှာပဲစက်ကိုချလိုက်နော်..."
"ဒီနေရာလား...အစ်မ..."
"ဟုတ်ကဲ့...အဲ့ဒ်ီ့ဧည့်ခန်းထောင့်မှာ...."
ဝတိံMotorအပ်ချုပ်စက်ကြီးကိုသယ်မလာတဲ့
အလုပ်သမားနှစ်ယောက်ကိုပစ္စည်းချဖို့
ညွှန်ပြနေရင်း...တဖက်ကလည်းဖုန်းကိုကိုင်ထားရသည်။"ဟုတ်...အမေရပြီ...နေရာကအဆင်ပြေပါတယ်...."
"သားကိုရောစက်ကိုအိမ်သယ်မဲ့အကြောင်း
ပြောပြီးပြီလားသမီး....""ရပါတယ်..အမေကတော့ဒီလောက်ကတော့
ဦးစစ်ကိုပြောနေစရာမလိုပါဘူး...
ဝတိံလည်းနေ့တိုင်းအိမ်မှာချည်းပဲနေနေရတာ
ကြာတော့ပျင်းလာပြီ...ပြီးတော့ဦးစစ်အတွက်လည်း
အင်္ကျီတွေဘာတွေချုပ်ပေးလို့ရတာပေါ့...""အေးပါ...သမီးတို့ချင်းအဆင်ပြေရင်ပြီးတာပဲ...
အမေ..သမီးရဲ့pattenတွေနဲ့တခြားပစ္စည်းတွေကို
စက္ကူပုံးထဲထည့်ပေးလိုက်တယ်နော်....
သမီးသင်တန်းသွားတိုင်းယူနေကြ
စက်အသေးလေးကိုရောပဲ.....""ဟုတ်...ဝတိံတွေ့တယ်အမေ....ဒါဆိုဝတိံ
ဖုန်းချလိုက်တော့မယ်နော်အမေ...ပစ္စည်းတွေကို
နေရာချရဦးမှာမို့လို့...""အေး..အေး..သမီးလေး..."
ဝတိံအမေနဲ့ဖုန်းပြောပြီးတော့..ပစ္စည်းသယ်လာတဲ့
ပစ္စည်းအရွေ့အပြောင်းဝန်ဆောင်မူ့ဌာနက
ကောင်လေးတွေကိုပိုက်ဆံရှင်းပေးလိုက်သည်။"လွမ်းနေလိုက်ရတာ...ငါ့ရဲ့စက်လေး...."
ပစ္စည်းပို့တဲ့သူတွေပြန်သွားတာနှင့်ဝတိံ
စက်ကိုသန့်ရှင်းရေးလုပ်ကာတခြားပစ္စည်းတွေကို
နေရာချဖို့ပြင်ရသည်။"ဒီနေရာမှာcattingခုံတော့ထားမှရမယ်..."
အိမ်မှာဆို..အဖေကအိမ်ရှေ့ခန်းရဲ့ထောင့်မှာ
ဝတိံအတွက်အပ်ချုပ်စက်တွေcatting
ခုံတွေကိုအသေအချာနေရာလုပ်ပေးထားတာလေ...။
YOU ARE READING
💕နှလုံးသားကိုချည်တဲ့နှောင်ကြိုး💕 [ Completed ]
Romance💕 ဒိတ်ဒိတ်ကြဲပရိုဂျူဆာကိုလူချောနဲ့....ဒီဇိုင်နာဖြစ်ချင်တဲ့အိပ်မက်တွေကိုသယ်ပိုးထားတဲ့ကောင်မလေးတစ်ယောက်ရဲ့...အလွဲများနဲ့အစပြုခဲ့တဲ့ဖူးစာရေစက်.....၊ 💕 နာမည်ကျော်မော်ဒယ်မင်းသမီးတွေကိုထည်လဲတွဲကာအချစ်ကိုကစားစရာတစ်ခုလိုသဘောထာ...