💛နှလုံးသားကိုချည်တဲ့နှောင်ကြိုး💛
အပိုင်း(၁၉)
~~~~~~~~Room No.A-503...။
မင်္ဂလာဦးအိပ်ခန်းကြီးအဖြစ်လှပခမ်းနားစွာ
ပြင်ဆင်ထားတဲ့ဟိုတယ်ခန်းရဲ့တံခါးကို
စစ်...ခပ်ဟဟဖွင့်လျက်အထဲကိုလှမ်းကြည့်
လိုက်တာနှင့်အဖြူရောင်ဂါဝန်ကြီးနဲ့...
သတို့သမီးလေးရဲ့ပုံရိပ်လေးကဆီးကြိုနေခဲ့၏...။
စစ်...မျက်လွှာချပြီးသက်ပြင်းတစ်ချက်ကို
ရိူက်လိုက်သည်။"အဆင်ပြေသွားမှာပါ...စစ်မက်မဏ္ဍိုင်
မင်းလုပ်နိုင်တယ်...."ဆုံးဖြတ်ပြီးသားရည်ရွယ်ချက်တစ်ခုအတွက်
စစ်ကိုယ့်ကိုယ်အားပေးလိုက်သည်.....
ထို့နောက်မျက်နှာကိုတမင်တည်ပစ်လိုက်ပြီး
တံခါးကိုတွန်းဖွင့်ကာအထဲကိုလှမ်းဝင်လိုက်၏..."မင်းအဲ့မှာဘာထိုင်လုပ်နေတာလဲ..တာဝတိံသာ"
တမင်အေးစက်ထားတဲ့စစ်ရဲ့အသံကိုကြားတာနှင့်
သူမက.ကပျာကယာလေးလှည့်ကြည့်လာပြီး၊"ဦးစစ်...."
ခေါ်သံနှင့်အတူဂါဝန်လေးကိုမလျက်
ထိုင်နေရာကနေထရပ်လာသည်။"ဦးစစ်ရဲ့ဧည့်သည်တွေဟိုတယ်ကပြန်သွားပြီလား...."
"အင်း...မင်းအခုထိအဝတ်အစားမလဲရသေးဘူးလား"
စစ်သူမနဲ့ခပ်လှမ်းလှမ်းမှာခြေစုံရပ်လိုက်ပြီး
လှမ်းမကြည့်ဘဲပြောလိုက်သည်...ပြီးတော့ဝတ်ထားတဲ့
ရှပ်အင်္ကျီကလက်ကြယ်သီးရင်ဘတ်ကြယ်သီးတွေကို
ဖြုတ်ပစ်ပြီး....ကုတင်နားကိုလျောက်လာကာ
မွေ့ယာပေါ်ဘုန်းခနဲပစ်လှဲချလိုက်သည်။"အား...ပင်ပန်းလိုက်တာကွာ....
ဘဝမှာတစ်ခါလေးလက်ထပ်မိပါတယ်....
အလုပ်ရူပ်လိုက်တာလည်းလွန်ပါရောလား...ဟူး...."စိတ်ပျက်လက်ပျက်ပုံစံနှင့်ငြီးငြူရင်း
နဖူးပေါ်လက်တင်ပြီးမျက်ဝန်းတွေကိုဖိပိတ်ကာ
အဖြူရောင်ဂါဝန်လေးနှင့်ဘေးမှာရပ်နေတဲ့
သတို့သမီးလေးကိုရှိသည်ဟုသဘောမထားပုံ
ဟန်ဆောင်ထားရတဲ့ထိုခဏကတစ်ကယ့်ကို
စိတ်ပင်ပန်းလွန်းလှသည်။
YOU ARE READING
💕နှလုံးသားကိုချည်တဲ့နှောင်ကြိုး💕 [ Completed ]
Любовные романы💕 ဒိတ်ဒိတ်ကြဲပရိုဂျူဆာကိုလူချောနဲ့....ဒီဇိုင်နာဖြစ်ချင်တဲ့အိပ်မက်တွေကိုသယ်ပိုးထားတဲ့ကောင်မလေးတစ်ယောက်ရဲ့...အလွဲများနဲ့အစပြုခဲ့တဲ့ဖူးစာရေစက်.....၊ 💕 နာမည်ကျော်မော်ဒယ်မင်းသမီးတွေကိုထည်လဲတွဲကာအချစ်ကိုကစားစရာတစ်ခုလိုသဘောထာ...