part.23 ( uni & zawgyi )

6.8K 250 8
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

         အပိုင်း(၂၃)
     ~~~~~~~~~~

"အင်း...ငါခဏ​နေအိမ်​ကထွက်​​တော့မှာ
တက္ကစီနဲ့ပဲလာမှာ...နင်​​ရော​ရောက်​ပြီလား...."

ဝတိံဖုန်းကိုနားနဲ့ပခုံးကြားညှပ်​ထားကာ​ပြော​နေရင်း
တစ်​ဖက်​ကလည်း​နူတ်​ခမ်းနီဘူးကိုဖွင့်ကာ
ခပ်​ဖွဖွဆိုး​လိုက်​သည်​။

"ငါက​ရောက်​​တော့မှာ...ငါနင့်ကိုဆိုင်​​ရှေ့မှာပဲ
​စောင့်​နေမယ်​​လေ....."

"ငါကလမ်းမပိတ်​ရင်​​တောင်​အနည်းဆုံး
၁နာရီ​လောက်​ကြာမှာနင်​အကြာကြီး​စောင့်
​နေရမှာ​ပေါ့.....ဆုမြတ်​ရဲ့..."

"ဘာမှမဖြစ်​ဘူး...ရတယ်​နင်​သာ​အေး​အေး​ဆေး​ဆေး
လာခဲ့..."

"​အေး..​အေး..ဒါဆိုငါဖုန်းချလိုက်​မယ်​​နော်​
ဆုမြတ်​...."

ဝတိံဆုမြတ်​နဲ့ဖုန်း​ပြောပြီးသွား​တော့
မှန်​တင်​ခုံ​ရှေ့မှာအလှပြင်​​နေတာကိုလက်စသတ်​
လိုက်​ကာ...မိုးပြာ​ရောင်​ဒူးဖုံးဂါဝန်​​ဖျော့​ဖျော့​လေးနှင့်
ဆံပင်​​တွေကိုစုသိမ်းလျက်​ခပ်​မြင့်မြင့်​လေး
ထုံးဖွဲ့ထားတဲ့ကိုယ့်ရဲ့ပုံရိပ်​​လေးကိုမှန်​ထဲမှာ
လှည့်ပါတ်​ကြည့်လိုက်​သည်​။

"အင်း...အဆင်​​ပြေပါတယ်​..."

ကိုယ့်ကိုကိုယ်​​ထောက်​ခံလိုက်​ရင်း​ငွေမှင်​​ရောင်​
ကြိုး​သေး​သေး​လေးပါတဲ့အိတ်​​လေးကို​လွယ်​
လိုက်​ပြီး...အသင့်ထုတ်​ထားတဲ့ဖိနပ်​အသစ်​​လေးကို
​ကောက်​ယူလိုက်​သည်​....ဘာပဲ​ပြော​ပြော
သူငယ်​ချင်း​တွေရှားရှားပါးပါးပြန်​ဆုံရမဲ့ပွဲမို့..ဝတိံ
လှလှပပ​ပေါ့​ပေါ့ပါးပါး​လေးပဲဖြစ်​ချင်​၏...။

အားလုံးအဆင်​သင့်ဖြစ်​လို့အခန်းထဲကထွက်​ရန်​
ပြင်​ပြီးမှသူ့မျက်​နှာကိုသွားပြီးမြင်​​ယောင်​လိုက်​
မိပြန်​သည်​။

"မင်းကိုယ့်စကားကိုနားမ​ထောင်​ဘဲအဲ့ဒီ့​နေရာကို
သွားရဲသွားကြည့်...."

"ဟွန့်..."

ဝတိံအသံထွက်​​အောင်​နူတ်​ခမ်း​လေးမဲ့လိုက်​ရင်း

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now