part . 44 (uni&zawgyi)

4.9K 206 7
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

        အပိုင်း(၄၄)
     ~~~~~~~~~

2:00 A.M

မကြာခင်​မိုးကုန်​​တော့မှာမို့..ညအချိန်​မှာ
လျှပ်​​ရောင်​တဝင်းဝင်းနှင့်သည်းထန်​စွာရွာ​နေတဲ့
မိုးက..မိုးရာသီရဲ့​နောက်​ဆုံးကာလတစ်​ချို့ကို
နူတ်​ဆက်​​နေသ​ယောင်​ပါ....။

အနည်းငယ်​မှိန်​​ဖျော့​နေတဲ့မီး​ရောင်​တစ်​ချို့
ဖြန့်ကျက်​ထားတဲ့​ဆေးရုံခန်းထဲက
ကုတင်​ကျဉ်း​လေး​ပေါ်မှာရှိ​နေတဲ့စစ်​က​တော့
ခုထိအိပ်​မရနိုင်​ခဲ့​သေး....။

သတိရကာစတုန်းကနာကျင်​မူ့​တွေ​လောက်​
ခနာ္တကိုယ်​ကမခံစားရ​တော့​ပေမဲ့...
​ဆေးသွင်းထားရတဲ့လက်​တစ်​ဖက်​ကတင်းကြပ်​ကြပ်​နှင့်
အ​နေရခက်​၏....။

"ဝတိံ..."

သတိရတိုင်း​ခေါ်​နေမိတဲ့သူမရဲ့နာမည်​​လေးကိုပဲ
ထပ်​ပြီး​ရေရွတ်​မိရင်း...နှလုံးသားတစ်​ခုလုံး
​လေးလံမွန်းကြပ်​သွားရသလိုပါပဲ...။

စစ်​သတိရလာတဲ့အချိန်​ကစပြီးတ​ချိန်​လုံး
သူမနဲ့​တွေ့ခွင့်မရခဲ့​သေးဘူး...ဒယ်​ဒီ​ပြောတာက​တော့
သူမရဲ့အ​ခြေအ​နေကစိတ်​ပူစရာမရှိဘဲ​အေး​အေး
​ဆေး​ဆေးပါပဲတဲ့..သူမလည်း​စစ်​လိုလူပ်​ရှားလို့မရ​သေးတဲ့
အ​ခြေအ​နေမို့..​တွေ့လို့မရ​သေးတာလို့​ပြောသည်​။
ဒါ​ပေမဲ..ထူးဆန်းတာတစ်​ခုကစစ်​သူမရဲ့
မိသားစု​တွေကိုလည်း​တစ်​​ယောက်​မှမ​တွေ့ရ​သေးဘူး....၊

ဘာပဲဖြစ်​ဖြစ်​စစ်​စိတ်​မချနိုင်​​သေးဘဲသူမမျက်​နှာ
​လေးကိုခဏ​လောက်​​တော့​တွေ့ခွင့်ရချင်​မိတာ
အမှန်​ပဲဖြစ်​၏...ဟုတ်တယ်​​စစ်​သူမကို​တွေ့ချင်​တယ်​
သူမကို​ပြောစရာစကား​တွေအများကြီးရှိတယ်​...
ပြီး​တော့စစ်​သူမကိုထပ်​ပြီး​တောင်းပန်​ချင်​တယ်​...။

အ​တွေးနဲ့ဘယ်​လိုမှဆက်​ပြီးလှဲမ​နေနိုင်​​တော့ဘဲ
စစ်​လှဲ​နေရာက​နေအသာထထိုင်​လိုက်​သည်​။
​ဆေးရုံမှာစစ်​ကိုည​စောင့်​ပေး​နေတဲ့စိုင်းရန်​က​တော့
စစ်​လူပ်​ရှားလိုက်​တာနှင့်အနားကိုချက်​ချင်း
​ရောက်​လာ၏...။

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now