part.11( uni & zawgyi )

7.3K 238 12
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

         အပိုင်း(၁၁)
       ~~~~~~~~

"သူ​ဌေး...အခုဘယ်​.ဘယ်​ကို​မောင်း​နေတာလဲဟင်​
ကားကိုရပ်​လိုက်​ပါ​နော်​...ဝတိံ​တောင်းပန်​ပါတယ်​"

ဝတိံခါးပါတ်​ကြိုးကိုအတင်းဆွဲထားရင်း
တုန်​ယင်​​နေတဲ့အသံ​လေးနှင့်​​ကြောက်​​ကြောက်​လန့်လန့်
​တောင်းဆို​နေမိ​ပေမဲ့...သူကဝတိံကို
တစ်​ချက်​​လေး​တောင်​ငဲ့မကြည့်ဘဲကားကို
အရှိန်​တင်​လိုက်​၏....။

"အဲ့လိုမလုပ်​ပါနဲ့...ကားရပ်​လိုက်​ပါ...
ဝတိံ​တောင်းပန်​ပါတယ်​...ရုံးတက်​ချိန်​​ရောက်​​နေပြီ
ဝတိံကုမ္ပဏီပြန်​ရဦးမှာ...ဟင့်...ဟင့်..."

ဘယ်​လိုမှ​ပြောမရတဲ့သူ့​ကြောင့်ဝတိံ​ကြောက်​ရွံ့
ထိတ်​လန့်စိတ်​နဲ့ငိုလိုက်​မိ​တော့....
သူ​ကကားကိုအရှိန်​​လျော့လိုက်​ပြီးဝတိံကို
ငဲ့ကြည့်လာခဲ့သည်​။

"ဘာလို့ငို​နေတာလဲ...မင်းမျက်​ရည်​ကျ​ရ​
​လောက်​​အောင်​ငါဘာလုပ်​မိလို့လဲ...."

"ဝတိံမလိုက်​ပါဘူးလို့ဒီ​လောက်​ထိ​ပြော​နေတာကို
သူ​ဌေးကဝတိံကိုအတင်းဆွဲ​ခေါ်လာတာကိုး....
ရုံးတက်​ချိန်​ဌာနထဲမှာမရှိရင်​ဌာနမှူးဝတိံကို
ဆူမှာ​ပေါ့...အီး..ဟီး..."

​ပြောရင်းက​လေးလိုရိူက်​ကြီးတငင်​ငိုချလိုက်​တဲ့
သူမ​ကြောင့်...စစ်​ကားကိုပလက်​​ဖောင်း​ဘေး
ဆွဲချပြီးရပ်​လိုက်​သည်​။

"အခု..အဆူခံရမှာကို​ကြောက်​ပြီးငို​နေတာလား
တာဝတိံသာ"

စစ်​ရဲ့အ​မေး​ကြောင့်သူမကမျက်​ရည်​​တွေကို
လက်​ခုံနှင့်ပွတ်​သုတ်​ရင်း​ခေါင်းကိုဖျပ်​ခနဲငြိမ့်ပြ​တော့
စစ်​...ဟက်​ခနဲရယ်​မိသွားရသည်​။

ဒီလိုအချိန်​မှာ​တောင်​သူမကိုအတင်းဆွဲ​ခေါ်လာတဲ့
စစ်​ကို​ကြောက်​လို့ငိုတာမဟုတ်​ဘဲ...ဌာနမှူးဆီက
အဆူခံရမှာကို​ကြောက်​ပြီးငို​နေတာတဲ့​လေ...
ဘယ်​​လောက်​ထူးဆန်းပြီးအူ​ကြောင်​​ကြောင်​
နိုင်​လိုက်​တဲ့​ကောင်​မ​လေးလဲ....??

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now