part.25 ( uni & zawgyi )

7.4K 286 11
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

        အပိုင်း(၂၅)
    ~~~~~~~~~~

"စိတ်​မရှိပါနဲ့ ​စေရာရယ်​...ငါလည်း​ထွက်​လာခဲ့ဦးမလို့ပါ
ဒါ​ပေမဲ့ဦးစစ်​ကအရမ်း​နေမ​ကောင်းဖြစ်​​နေ​တော့
သူ့ကိုတစ်​​ယောက်​ထဲထားခဲ့ဖို့ဘယ်​လိုမှ
စိတ်​မချလို့...ငါဆုမြတ်​ကိုလှမ်းပြီးဖုန်းဆက်​ထားတယ်​
နင်​သူနဲ့ပဲအတူသွားလိုက်​​နော်​....."

"ရပါတယ်​ဟာ...စိတ်​ထဲမထားပါနဲ့
ဒီ​နေ့မဟုတ်​​တော့လည်း​နောက်​​နေ့​ပေါ့...နင်​အားတဲ့
​နေ့ကျမှပဲငါတို့အတူသွားကြမယ်​..."

"အင်းပါ...နင်​အဆင်​​ပြေရင်​ပြီးတာပါပဲ....
နင်​ဒီ​နေ့မသွား​တော့ဘူးဆိုလည်း​ဆုမြတ်​ကိုငါ
ဖုန်းပြန်​ဆက်​လိုက်​မယ်​...."

"​နေ..​နေ..ငါပဲသူ့ဆီဖုန်းဆက်​လိုက်​မယ်​
ငါသူ့ကို​ပြောစရာ​လည်းရှိ​သေးတယ်​...."

"ဒါဆိုလည်း..ငါ​နောက်​​နေ့မှနင့်ဆီဖုန်းပြန်​ဆက်​လိုက်​
မယ်​​လေ​နော်​...."

"အင်း...."

ဝတိံ​စေရာ့ဆီဖုန်းဆက်​ပြီးဖုန်းကိုစားပွဲ​ပေါ်တင်​ကာ
သက်​ပြင်း​လေးခိုးချလိုက်​မိသည်​။
ဝတိံမလာနိုင်​​တော့ဘူးဆို​တော့​စေရာအသံ
သိပ်​မ​ကောင်းသလိုဖြစ်​သွားတာကိုသိလိုက်​​ပေမဲ့
မတတ်​နိုင်​​တော့.....​၊

သူကတစ်​ကယ်​​နေမှမ​ကောင်းတာ..ပြီး​တော့
​ခြေ​ထောက်​မှာလဲ​ရေ​နွေးပူက​လောင်​​သွား​သေးတယ်​...။

"သူဘာလို့ဒီ​လောက်​ထိခိုက်​​နေရတာလဲ
မသိဘူး...မ​နေ့ကလည်း​​ဆေးရုံတက်​လိုက်​ရ​သေးတယ်​
ဟင်း..မဖြစ်​ပါဘူး​..​နောက်​မှအ​မေနဲ့အဖွားကို​မေးပြီး
သူ့အတွက်​ယတြာ​လေးဘာ​လေး​ချေ​ပေးမှဖြစ်​မယ်​...."

ဝတိံပူပန်​စွာဆိုမိရင်းပြန်​​နွေးထားတဲ့စွပ်​ပြုတ်​
ပန်းကန်​ကို စတီးလင်​ပန်း​လေးထဲထည့်ယူကာ
မီးဖိုခန်းထဲက​နေထွက်​လာခဲ့​တော့သည်​။

~~~~~~~~~~

ဝတိံသူ့အခန်းထဲကိုပြန်​ဝင်​လာ​တော့သူက
ခုနကအတိုင်းအိပ်​ယာ​ပေါ်မှာမျက်​ဝန်း​တွေ
ပိတ်​လျက်​လှဲ​လျောင်း​နေ၏....

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now