part.39 ( uni & zawgyi )

7.1K 281 12
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

       အပိုင်း(၃၉)
  ~~~~~~~~~~

"မသွားရဘူး...ကိုယ်​လုံးဝခွင့်မပြုဘူး..."

ငြင်းလိုက်​တဲ့​လေသံကလည်းဖြည်းဖြည်းသက်​သာ
မဟုတ်​ပဲ...သူကချက်​ချင်းပင်​မျက်​ခုံးတန်း​တွေကို
တွန့်ချိူးချပစ်​၏....။

"မင်းသွားမဲ့ခရီးကတရက်​နှစ်​ရက်​လည်း​မဟုတ်​ဘူး
ဝတိံ၁ပတ်​၁၀ရက်​သူငယ်​ချင်း​တွေချည်းစုသွားမဲ့
ခရီးကိုကိုယ်​ကဘယ်​လိုစိတ်​ချပြီးမင်းကိုသွားခွင့်ပြု
ရမှာလဲ...."

"ဝတိံတို့ကနှစ်​တိုင်းအဲ့လိုပဲသွား​နေကြကို...."

ဝတိံသူ့ကိုဆင်​​ခြေတက်​ဖို့ကြိုးစားလိုက်​မိသည်​။

"မင်းကအခုအရင်​လိုမှမဟုတ်​တာ....အခုမင်းက
လွတ်​လပ်​တဲ့သူတစ်​​ယောက်​မဟုတ်​​တော့ဘူး..
မင်းမှာကိုယ်​တစ်​​ယောက်​လုံးရှိတယ်​..
ဒါမင်း​ယောကျာင်္း...."

"ဘယ်​သူကမဟုတ်​ဘူး​ပြော​နေလို့လဲ...."

နူတ်​ခမ်းဖူး​လေးကိုစု​ထော်​ပြီးသူမကမျက်​လုံး
လွှဲ​ကာ​ပြောသည်​။

"ဦးစစ်​ပဲဝတိံကိုမချုပ်​ချယ်​ပါဘူးဆို..."

"ကိုယ်​အခုမင်းကိုချုပ်​ချယ်​​နေတာမဟုတ်​ဘူးဝတိံ
စိတ်​ပူလို့​ပြော​နေတာ...."

"စိတ်​ပူရ​အောင်​ဝတိံက,က​လေးမှမဟုတ်​တာ
ပြီး​တော့ဝတိံနဲ့အတူသွားမဲ့လူ​တွေကလည်း
ဝတိံမူလတန်းထဲကလည်​ပင်းဖက်​ပြီး​ပေါင်းလာတဲ့
ဝတိံရဲ့အချစ်​ဆုံး သူငယ်​ချင်း​တွေ...
ဆုမြတ်​ကလည်း​ဝတိံသာမလိုက်​ဘူးဆိုရင်​လုံးဝ
​မွေး​နေ့ပွဲလုပ်​မှာမဟုတ်​ဘူး....."

"ကျစ်​...မဟုတ်​​သေးပါဘူးကွာ..."

စစ်​...စိတ်​ပျက်​သလိုငြီးငြူလိုက်​ရင်း
ထမင်းပန်းကန်​ကိုတွန်း​ရွေ့လိုက်​သည်​။

သူမကိုကြည့်လိုက်​​တော့လည်း​​သူမကစစ်​ရဲ့
ခွင့်ပြုချက်​ကို​တောင်းခံ​နေသလိုမျက်​ဝန်း​လေး​တွေ
ဖြင့်ငြိုးငယ်​စွာကြည့်​နေခဲ့၏...ကျန်​တဲ့ကိစ္စဆိုရင်​
စစ်​သူမကိုဒီ​လောက်​ထိမျက်​နှာအငြိုးခံမိမှာ
မဟုတ်​​ပေမဲ့...စစ်​မပါဘဲရက်​ရှည်​ခရီးတစ်​ခုကို
ဘယ်​လိုစိတ်​ချလက်​ချခွင့်ပြုနိုင်​မှာလဲ....??

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now