part.13(uni&zawyi)

6.8K 217 8
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

      အပိုင်း(၁၃)
   ~~~~~~~~~

"Cheer..."

"........"

ဘီယာဘူးအချင်းချင်းထိခတ်​သံနှင့်မြူးတူးစွာ
​အော်​လိုက်​တဲ့အသံက...ကားထဲမှာဖွင့်ထားတဲ့
ခပ်​မြူးမြူးသီချင်းသံကိုဖုံးအုပ်​သွား၏...။

မျက်​စိတစ်​ဆုံးလှမ်းကြည့်လိုက်​လျှင်​စိုက်​ခင်းခြံ
ကြီး​တွေနှင့်စိမ်းစို၍ဆိတ်​ငြိမ်​​အေးချမ်းလှ​သော
​မှော်​ဘီမြို့တစ်​​နေရာက​မြေနီလမ်း​အတိုင်း
​အဖြူ​ရောင်​ပြိုင်​ကား​လေးက...
ဟိုယိမ်းဒီခါနှင့်​မောင်းနှင်​လာ​နေသည်​။

ဒီ​နေ့မှမနက်​ပိုင်းမှာအနည်းငယ်​ကြည်​လင်​​နေတဲ့
ရာသီဥတုကအခု​တော့အ​တော်​ကိုဆိုးရွား​လာနေသည်​။
မုန်​တိုင်းသတင်း​ကြေငြာထား၍​​၁နာရီ​ကျော်​မျှပင်​
ရှိ​နေ​သေး​ပေမဲ့​ကောင်းကင်​တစ်​ခုလုံး
မဲ​မှောင်​​နေပြီးမိုးကခပ်​ဖွဖွဲရွာ​နေ၏...၊

"လမ်းကလည်း​ဗွက်​​တွေချည်းပဲကွာ...ငါ့ကား​တော့
သွားပါပြီ....အနီးအနားမှာ
အိမ်​ဆိုလည်း​တစ်​လုံးမှမရှိဘဲမင်းအ​ဖေက
ဘာစိတ်​ကူး​ပေါက်​ပြီးဒီ​နေရာမှာခြံဝယ်​ပြီး
အိမ်​​ဆောက်​ထားရတာလဲ...."

"ငါ့ဘိုး​တော်​ရဲ့ဝါသနာကတစ်​မျိုးကွသူက
သူကအဲ့လိုအပင်​​တွေနဲ့စိမ်းစိမ်းစိုစိုမြင်​ကွင်း​တွေကို
အရမ်းသ​ဘောကျတယ်​​လေအဲဒါ​ကြောင့်
ဒီလိုစိုက်​ခင်း​ခြံတွေချည်းပဲသီးသန့်ရှိတဲ့​နေရာမှာ
ခြံဝယ်​ပြီးအိမ်​​ဆောက်​ထားတာ​ပေါ့...
တစ်​ကယ်​တမ်းကလာလည်းမ​နေဖြစ်​ပါဘူးကွာ
ဒီ​နေရာနဲ့​ဆောက်​ထားတဲ့အိမ်​ကမအပ်​စပ်​ပုံများ
မင်းမြင်​တဲ့အတိုင်းပဲလမ်းကမိုးတွင်းဆို
ဗွက်​​ပေါက်​​နေတာ...."

သတ္တိ​ကောင်းကင်​ကရူံ့မဲ့​နေတဲ့ဇွဲခန့်ကို​ပြောရင်း
ဘီယာဘူးကိုလက်​တစ်​ဖက်​ကကိုင်​ကာ
စတီယာရင်​ကိုလက်​တစ်​ဖက်​ထဲနှင့်ကျွမ်းကျင်​စွာ
ထိန်း၍​မောင်းနှင်​​နေသည်​။

"အဲ့ဒါနဲ့များမင်းကသူ့ကိုဒီလို​နေရာ​ခေါ်လာရ​သေးတယ်​.."

"ဟ...ဒီ​နေရာထက်​ပိုပြီးလုံခြုံတဲ့​နေရာ
ဘယ်​​နေရာရှိဦးမှာလဲ..."

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now