part.15( uni & zawgyi )

7.1K 237 11
                                    


💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

          အပိုင်း(၁၅)
      ~~~~~~~~~~

"ကျွန်​မနာမည်​ကမာယာရင့်ပါ...ကျွန်​မက​စစ်​မက်​မဏ္ဍိုင်​ရဲ့
အ​မေပဲ..."

"ဗျာ..."

ဦးရဲ​အောင်​..အာ​​မေဋိတ်​သံပင်​ထွက်​သွားရတဲ့အထိ
တအံ့တဩဖြစ်​သွားရတာက...ဒီ​နေ့တင်​မှ
ရင်းနှီးခဲ့ရတဲ့စစ်​မက်​မဏ္ဍိုင်​ဆိုတဲ့အမည်​​ကြောင့်
ဖြစ်​၏...။

စစ်​မက်​မဏ္ဍိုင်​ ဆိုတာသမီးနဲအတူ​ပျောက်​​နေခဲ့တယ်​
ဆိုတဲdream အင်​တာတိန်းမန့်ကုမ္ပဏီရဲ့
သူ​ဌေးပင်​မဟုတ်​ပါလား....။

~~~~~~~~~~~~~~~~~~💕💕💕

"ထိုင်​ပါ...အစ်​မကြီး...."

ဦးရဲ​အောင်​အိမ်​​ရှေ့ခန်းကခုံကိုညွှန်​ပြရင်း
​ပြောလိုက်​​တော့ မာယာရင့်ဆိုတဲ့အမျိုးသမီးက
ဆလင်းဘတ်​အိတ်​ထဲက ပုဝါအဖြူ​လေးကို
ထုတ်​ပြီးအခင်းတင်​ထားတဲ့ကြိမ်​ခုံ​ပေါ်ကို
ဟိုခါဒီခါ လုပ်​ပြီးမှ​ခြေချိတ်​လျက်​ဝင်​ထိုင်​၏...၊

သူမရဲ့ထိုအမူအယာ​ကြောင့်ဦးရဲ​အောင်​တို့လင်​မယား
တစ်​​ယောက်​မျက်​နှာတစ်​​ယောက်​ကြည့်လိုက်​မိကြသလို
ဆုမြတ်​ရဲ့မျက်​နှာကလည်း​​မဲ့ရွဲ့သွားသည်​။

"တာဝတိံသာက...ကျွန်​မသားနဲ့အတူ...
​ပျောက်​​နေခဲ့တဲ့သတင်းကိုဒီကလူကြီး​တွေလည်း
ကြားခဲ့ပြီးပြီထင်​ပါတယ်​..."

"ကျွန်​မတို့လည်း...ကျွန်​မတို့သမီး​လေးဆီက
အဆက်​အသွယ်​မရ​သေးလို့ရူးမတတ်​ပူပန်​
​နေရတာပါရှင်​....တစ်​ကယ်လို့များဒီကအစ်​မကြီးက
အစ်​မကြီးရဲ့သားရှိ​နေတဲ့​နေရာကိုသိမယ်​ဆိုရင်​
ကျွန်​မတို့ကို​ပြောပြပါ....သမီး​လေးကို
ကျွန်​မအရမ်းစိတ်​ပူ​နေလို့ပါ....."

"ကျွန်​မလည်း​ဒီစကားကို​ပြောဖို့ပဲအခုလာခဲ့တာပါ..."
​ဒေါ်မာယာရင့် စကား​ကြောင့်တခြားသူ​တွေရဲ့
မျက်​နှာက​မျှော်​လင့်တကြီးဖြစ်​သွားခဲ့၏...
​ဒေါ်မာယာရင့်က​တော့ထိုမျက်​နှာအမူအယာ​တွေကို
ကြည့်ကာဟန်​ပါပါပြုံးလိုက်​ရင်း....၊

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now