part.34 ( uni & zawgyi )

6.8K 293 10
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

        အပိုင်း(၃၄)
    ~~~~~~~~~~

အိမ်​ကိုပြန်​​ရောက်​တဲ့အထိဝတိံကိုလုံးဝ
စကားထပ်​မ​ပြောလာတဲ့သူကအခန်းထဲကို
မဝင်​ခင်​မှာလည်း​ဝတိံကိုခပ်​တည်​တည်​နှင့်တချက်​လှည့်
ကြည့်သွားသည်​။

"ခစ်​...."

ဝတိံဘာ့​ကြောင့်မှန်းမသိသူ့ရဲ့အဲ့လို
ပုံစံကိုကြည့်ပြီးစိတ်​ထဲအလိုလိုရွှင်​မြူး​နေခဲ့ရသည်​။

အခန်းထဲ​ရောက်​​တော့ အဝတ်​အစား​တွေလဲပြီး
ညစာအတွက်​ပြင်​ဆင်​ဖို့မီးဖိုထဲဝင်​ခဲ့​တော့
သူကအရင်​​ရောက်​နှင့်​နေပြန်​၏...။

"ဦးစစ်​...ဗိုက်​ဆာလို့လား..."

ဝတိံ​မေးလိုက်​​တော့စားပွဲ​ပေါ်ကဖန်​ခွက်​ထဲ
​ရေထည့်​နေတဲ့သူကလှည့်မကြည့်လာဘဲ။

"မဆာပါဘူး...ရင်​ပူ​နေလို့...."

"ဝတိံဒီ​နေ့...​နေ့လည်​ထဲကအ​မေတို့ဆီ​ရောက်​​နေတာ
ဆို​တော့ညစာဟင်းမချက်​ခဲ့ရဘူး...ဦးစစ်​
ဘာစားချင်​လဲ...ဝတိံပုစွန်​အချို​လေး​ကြော်​​ပေးရမလား"

"လွယ်​တာနဲ့အဆင်​​ပြေတာပဲလုပ်​ပါ...
မင်းပင်​ပန်း​နေမယ်​..."

ထပ်​ပြီးလှည့်မကြည့်လာ​ပေမဲ့ပူပန်​သလို
ဆိုလိုက်​တဲ့သူ့​ကြောင့်ဝတိ ​ံပြုံးမိသွားရသည်​။

"ဝတိံကမပင်​ပန်းပါဘူး...ဦးစစ်​စားချင်​တာ
ချက်​​ကျွေးရမှာဝတိံရဲ့တာဝန်​တစ်ခု​ပဲကို....."

​ပြောပြီးဝတိံ​ရေခဲ​သေတ္တာကိုဖွင့်ကာ
အ​ပေါ်ဆုံးထပ်​မှာထည့်ထားတဲ့ပုစွန်​ဘူးကို
​ရွေးထုတ်​ယူပြီး​ရေထဲ​သေတ္တာတံခါးကိုပြန်​ပိတ်​ပြီး
အ​နောက်​ကိုလှည့်လိုက်​တာနှင့်....၊

"အ​မေ့...."

ဘယ်​အချိန်​ထဲကဝတိံ​နောက်​ကို​ရောက်​​နေမှန်း
မသိတဲ့သူ့​ကြောင့်ရုတ်​တရပ်​လန့်သွားခဲ့ရ၏....။

"မင်းကကိုယ့်ကို​စေတနာရှိလို့မဟုတ်​ဘဲ
တာဝန်​အရချက်​​ကျွေး​နေတာလား...."

"အဟင်း...ဘာဖြစ်​တာလဲဦးစစ်​ကလည်း...
ရုတ်​တရပ်​ကြီး..."

"မရယ်​နဲ့ကိုယ်​​မေး​နေတာကိုပဲ​ဖြေ...."

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now