part.9 (uni&zawgyi)

6.7K 230 7
                                    

💛နှလုံးသားကိုချည်တဲ့နှောင်ကြိုး💛

          အပိုင်း(၉)
       ~~~~~~~~~

ဝတိံပြိုလဲကျတော့မတတ်နွမ်းနယ်နေတဲ့ခန္တာကိုယ်ကို
အနိုင်နိုင်သယ်ပိုးရင်း...သူ့ရဲ့ရုံးခန်းထဲကနေ
အပြေးလေးလှမ်းထွက်လာခဲ့တာကရင်ထဲမှာ
ရူပ်ထွေးနေတဲ့ဘာမှန်းမသိသောပူလောင်
မူ့များနှင့်ဖြစ်​သည်​.....၊

ဘာလို့လဲ...ဘာလို့ဝတိံစိတ်ထဲမှာဝမ်းနည်းနေပြီး
ငိုချင်သလိုကြီးဖြစ်နေရတာလဲ...ဝတိံအဖျားတွေ
အရမ်းတက်နေလို့များလား.....??

"ဟင့်...."

ကိုယ်တိုင်သတိမထားမိခင်ထွက်သွားခဲ့တဲ့
ရိူက်သံလေးတစ်ချက်နှင့်..လူမရှိတဲ့ရိုးရိုးလှေကားရဲ့
ထောင့်တစ်နေရာမှာဝတိံကျောမှီလျက်
ငုတ်တုတ်လေးထိုင်ကျသွားရသည်။

အဖျားရှိန်ကြောင့်လား၊ဘာ့ကြောင့်မှန်းမသိ
စီးကျလာတဲ့မျက်ရည်ပူတွေနှင့်မဆီမဆိုင်
မြင်ယောင်လာမိတဲ့ရုံးခန်းထဲကပုံရိပ်...၊

"တာဝတိံသာ...နင်ရူးနေပြီလား...."

ကိုယ့်ခေါင်းကိုယ်လက်နှစ်ဖက်နှင့်နာနာလေး
ရိုက်ထုလိုက်ရင်းဝတိံနူတ်ခမ်းလေးဖိကိုက်လျက်
မျက်ဝန်းတွေကိုတင်းကြပ်စွာဖိကိုက်လိုက်တာတောင်
ထိုမြင်ကွင်းကပျောက်ကွယ်မသွားခဲ့....။

"ငါတစ်ကယ်ကိုရူးနေပြီပဲ..."

❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿

"ဘာရယ်...သူကနေ့တစ်ဝက်ခွင့်ယူပြီးအိမ်ပြန်သွားပြီ
ဟုတ်လား...."

စစ်,ရဲ့အမေးကိုစိုင်းရန်ကခေါင်းငြိမ့်ရင်း...

"တာဝတိံသာက...အဖျားတွေအရမ်းတက်နေတာ
ဘယ်လိုမှမသက်သာတာနဲ့သူတို့ဌာနမှူးဆီမှာခွင့်ယူပြီး
အိမ်ပြန်သွားတာပါတဲ့...."

"ကျစ်...."

စစ်...စိတ်ပျက်လက်ပျက်ဖြစ်သွားရင်းဆုံလည်
ထိုင်ခုံကိုကျောမှီလိုက်သည်။

ခုနကအဖြစ်အပျက်ကြောင့်သူမရုံးခန်းထဲကနေ
ပြေးထွက်သွားတော့စစ်သူမနောက်ကိုချက်ချင်း
ထွက်လိုက်လာခဲ့ပေမဲ့...မမှီတော့...
အောက်ထိဆင်းလိုက်သွားရင်ပြောစရာတွေ
ဖြစ်လာမှာစိုး၍....စစ်ဆက်မလိုက်တော့ဘဲ...
စိုင်းရန်လာမှသွားကြည့်ခိုင်းလိုက်တော့သူမက
မသက်သာ၍အိမ်ပြန်သွားပြီတဲ့လေ....။

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now