part.46 ( uni & zawgyi )

6.9K 242 13
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

အပိုင်း(၄၆)
~~~~~~~~~

သူမဆီကမျက်​နှာရဖို့အတွက်​ဒူးရင်းသီးဘူး​တွေကို
တပုံတပင်​ဝယ်​ခဲ့ပြီး...စစ်​အိမ်​ကိုပြန်​​ရောက်​လာတဲ့
အခါမှာ​တော့...သူမကTV​ရှေ့ကဆိုဖာ​ပေါ်မှာ
တပ္ပလင်​​ခွေ​​လေးထိုင်​ပြီးဖုန်းသုံး​နေ၏....။

"ဟင်​...ဦးစစ်​အလုပ်​သွားတာမဟုတ်​ဘူးလား...."

စစ်​ကိုမြင်​တာနှင့်သူမကတအံ့တ​ဩ​လေး
​မေးလာသည်​။

စစ်​လက်​ထဲမှာ ကိုင်​ထားတဲ့အထုတ်​ကို
ဆွဲပြီးသူမဆီ​လျောက်​သွားကာအနားမှာ
ဝင်​ထိုင်​လိုက်​တာနှင့် ချက်​ချင်းပင်​မျက်​နှာ​လေး
ပြန်​ပြီးစူပုတ်​သွားတဲ့သူမကတစ်​ဖက်​သို့လှည့်
သွားရင်း...၊

"​မေ့​နေတာပဲ..ဝတိံနဲ့ဦးစစ်​နဲ့​ခေါ်မှမ​ခေါ်တဲ့ဟာ..
ဟွန့်...."

သူမကက​​လေးတစ်​​ယောက်လို​ချစ်​ဖို့​ကောင်း​တာမှန်​ပေမဲ့
အရင်​ကဆိုဒီလိုက​လေးဆန်​ဆန်​အပြုအမူမျိုး​တွေက
သူမဆီမှာမြင်​ရခဲလှ၏....။

ခုလိုနူတ်​ခမ်းတစ်​​ထောင်​​လောက်​​ထော်​ပြီး
​ကောက်​ချိတ်​​နေတဲ့အမူအယာမျိုး​တွေ​ပေါ့...
ဟုတ်​တယ်​...သူမကချစ်​စရာ​ကောင်း​ပေမဲ့
သိပ်​ပြီးမချွဲတတ်​ဘူး...။

ဒါ​တောင်​သူမဆီမှာစစ်​အချိန်​ပြည့်​ပျော်​ဝင်​​နေရစမြဲမို့
ခုလိုနူတ်​ခမ်း​လေးစူပြီး​ကောက်​ချိတ်​ပြတဲ့အခါ
ကြ​​တော့...စစ်​ရဲ့အဖြစ်​က​နေပူပူထဲပစ်​စလတ်​ခတ်​
ပစ်​ထားခံလိုက်​ရတဲ့​ရေခဲတုန်းပမာပါဖြစ်​သွားရ၏...။

"ကိုယ့်ကိုစိတ်​ဆိုး​နေတုန်းလား...."

"ဟုတ်​တယ်​...."

​ဘောက်​ဆတ်​ဆတ်​​လေးပြန်​​ဖြေရင်းသူမက
ဖုန်းscreenကိုဟိုဆွဲဒီဆွဲလုပ်​​နေသည်​။စစ်​
သူမပခုံး​လေးကိုဖွဖွဖက်​လိုက်​​တော့သူမက
ကိုယ်​​လေးတွန့်ပြီးရုန်းဖယ်​ဟန်​ပြု၏....၊

"အိပ်​မက်​ပဲကွာ...အပြင်​မှာတစ်​ကယ်​မှမဟုတ်​တာ
တစ်​ခါ​လောက်​ပဲခွင့်လွှတ်​​ပေးလို့မရဘူးလား...."

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now