part.14 ( uni & zawgyi )

7K 205 12
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

             အပိုင်း(၁၄)
        ~~~~~~~~~~

"​ဝေါ...​ဝေါ..."

"ဂျိမ်း...ဂျလိန်း...."

အထက်​​ကောင်းကင်​ဝဠာဆီမှအငြိုးကြီးစွာနှင့်
သည်းကြီးမည်းကြီးရွာချ​နေတဲ့မိုးစက်​မိုး​ပေါက်​
တို့နှင့်အတူ...ကြီးမားလှတဲ့သစ်​ပင်​ကြီး​တွေပင်​
ဘယ်​ညာယိမ်းခါလျက်​တစ်​ချက်​တစ်​ချက်​
သစ်​ကိုင်း​တွေဝုန်းခနဲကျိူးကျ​နေသည်​အထိ​လေကလည်း
ကြမ်းလှ၏....။

အား​ကောင်းလှသည့်မိုးသက်​​လေပြင်းတစ်​ခုပင်​
ဖြစ်​သည်​....၊​လေကလည်း​ကြမ်းမိုးကလည်း​ကြမ်းမို့...
၅နာရီ​ကျော်​မျှပင်​ရှိ​သေး​သော်​လည်ယ​ဝန်းကျင်​တစ်​ခုလုံး
​မိူင်းရီ​မဲ​​မှောင်​​နေခဲ့၏....။

ဝတိံနဲ့သူအိမ်​ကြီးရဲ့​အောက်​ထပ်​ဧည့်ခန်းထဲမှာ
တစ်​​ယောက်​တစ်​​နေရာထိုင်​​နေကြရင်း...
ချမ်းစိမ့်လာတဲ့အ​အေးဒဏ်​​ကြောင့်ဝတိံ
​ခြေ​ထောက်​နှစ်​​ချောင်းကိုဆိုဖာ​ပေါ်တင်​ပြီး
ဒူး​လေး​ထောင်​လျက်​ကြုံး​ပွေ့ထားလိုက်​သည်​။

"မင်းချမ်း​နေတာလား...."

စစ်​...ဖုန်းကိုလက်​ထဲကမချဘဲလိုင်းမိလာဖို့ကို
​စောင့်ဆိုင်း​နေရင်းသူမရဲ့အမူအယာ​ကြောင့်
လှမ်း​မေးလိုက်​​တော့သူမကဟန်​မ​ဆောင်​နိုင်​ဘဲ
​ခေါင်း​လေးငြိမ့်ပြသည်​။

"အပြင်​မှာ​လေ​ရောမိုး​ရောအရမ်းကြမ်း​နေတယ်​
ဖုန်းလိုင်းမမိ​သေးဘူးလားဟင်​...."

"မမိ​သေးဘူး...."

စစ်​ပြန်​​ဖြေလိုက်​ရင်းထိုင်​ရာကထကာ
သူမနားကို​လျောက်​သွားရင်းအ​ပေါ်ထပ်​ကုတ်​အင်္ကျီကို
ချွတ်​ပြီးလှမ်း​ပေးလိုက်​သည်​။

"ဒါကိုအ​ပေါ်က​နေထပ်​ဝတ်​ထားလိုက်​မင်းရဲ့
ဝတ်​စုံက​ရေစိုထားတယ်​မဟုတ်​လား...."

သူမကစစ်​ရဲ့အင်္ကျီကိုမမူနိုင်​ဘဲလှမ်းယူပြီး
ခပ်​သွက်​သွက်​​လေးထပ်​ဝတ်​လိုက်​ရင်း
စစ်​ကိုပြန်​​မော့ကြည့်လာသည်​။

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now