💛နှလုံးသားကိုချည်တဲ့နှောင်ကြိုး💛
အပိုင်း(၁၂)
~~~~~~~~~"သူ့နာမည်ကတာဝတိံသာ...ကျွန်တော်လက်ထပ်မဲ့
ကျွန်တော့်ရဲ့ချစ်သူ..""ဘာ!!!..."
ခပ်အေးအေးပင်ပြောလိုက်တဲ့စစ်ရဲ့စကားအဆုံး
ဟန်မဆောင်နိုင်အောင်ဝုန်းခနဲထရပ်လိုက်တဲ့
ဒေါ်မာယာရင့်...၊"မာယာ...."
ဦးတေဇကဇနီးဖြစ်သူရဲ့လက်ကိုလှမ်းဆွဲပြီး
ဟန့်တားသလိုခေါ်သည်။တဖက်မှာထိုင်နေတဲ့
ရွှေရင်သိမ်းသစ်တို့မိသားစုတွေကလညမျက်နှာ
အပျက်ပျက်နှင့်....ရုတ်တရပ်ထင်မထားတဲ့
အခြေအနေကိုသည်းမခံနိုင်တော့သလို
ထရပ်လိုက်ကြပြီး....၊"ကျွန်တော့်အထင်နှစ်ဖက်မိသားစုရွှေလမ်း
ငွေလမ်းမဖောက်ခင်...ခင်ဗျားရဲ့သားကို
အရင်စည်းရုံးလိုက်ပါဦး...ဦးတေဇ...
လာ...နုနဲ့သမီး...ပြန်ကြမယ်..."အရှက်ခွဲခံလိုက်ရသလိုဖြစ်သွား၍...
ဂုဏ်သရေရှိဝန်ကြီးဆိုသူကသမီးနဲ့ဇနီးကိုခေါ်ပြီး
ဒေါသခြေလှမ်းတွေနှင့်သီးသန့်ခန်းထဲကနေ
လှမ်းထွက်သွားတာကဟန်မဆောင်နိုင်စတမ်း....၊လျှပ်တစ်ပြတ်လိုမြန်ဆန်လွန်းလှတဲ့အခြေအနေတွေမှာ
ကျောက်ရုပ်တစ်ရုပ်လိုသတိလက်လွတ်ဖြစ်နေမိသူ
ကတော့...ဝတိံ....၊"စစ်မက်မဏ္ဍိုင်....."
တဖက်မိသားစုတွေသီးသန့်ခန်းထဲကထွက်သွားတာနှင့်
သူ့ရဲ့နာမည်ကိုဒေါသတကြီးနှင့်ဆောင့်ခေါ်လိုက်တဲ့
ဒေါ်မာယာရင့်အသံကိုကြားမှဝတိံပခုံးလေး
ဆတ်ခနဲတုန်တက်သွားခဲ့ရသည်။"မင်းဒါဘာသဘောလဲ...ဟင်..မင်းလူကြီးတွေကို
သက်သက်မဲ့အရှက်ခွဲတာလား...."သူကတော့ဒေါ်မာယာရင့်ရဲ့ထိုအပြုအမူတွေကို
အရေးမစိုက်သည့်အလားနူတ်ခမ်းတစ်ဖက်တွန့်
ပြုံးရင်းခပ်တင်းတင်းပွေ့ဖက်ထားတဲ့ဝတိံပခုံးလေးကို
ဖြေလွှတ်လိုက်ပြီးအရှေ့သို့ခြေလှမ်းတိုး၏.....၊
YOU ARE READING
💕နှလုံးသားကိုချည်တဲ့နှောင်ကြိုး💕 [ Completed ]
Romance💕 ဒိတ်ဒိတ်ကြဲပရိုဂျူဆာကိုလူချောနဲ့....ဒီဇိုင်နာဖြစ်ချင်တဲ့အိပ်မက်တွေကိုသယ်ပိုးထားတဲ့ကောင်မလေးတစ်ယောက်ရဲ့...အလွဲများနဲ့အစပြုခဲ့တဲ့ဖူးစာရေစက်.....၊ 💕 နာမည်ကျော်မော်ဒယ်မင်းသမီးတွေကိုထည်လဲတွဲကာအချစ်ကိုကစားစရာတစ်ခုလိုသဘောထာ...