part.51 ( uni & zawgyi )

6.2K 235 6
                                    

💛နှလုံးသားကိုချည်တဲ့နှောင်ကြိုး💛

       အပိုင်း(၅၁)
  ~~~~~~~~~~~

"ဒုန်း...ဒုန်း..."

"ဒယ်ဒီမပြီးသေးဘူးလား...မြန်မြန်လုပ်လေ
မာမီ့ကိုကြိုဖို့နောက်ကျတော့မှာပဲ...."

"ခဏလေး...သည်းငယ်တို့ရေဒယ်ဒီပြီးတော့မယ်..."

အခန်းတံခါးကိုတဒုန်းဒုန်းထုရင်းအပြင်ဘက်ကနေ
အော်ခေါ်နေတဲ့အမွှာနှစ်ကောင်ကြောင့်
စစ်အင်္ကျီကြယ်သီးတပ်နေရင်းအသံပြန်ပေးလိုက်ရသည်။

ဒီနေ့...သူမနဲ့ဆုမြတ်ဘန်ကောက်ကနေပြန်လာ
တော့မှာမို့အမေဖြစ်သူကိုကြိုဖို့က​လေးတွေက
အစောကြီးထဲကစိတ်စောနေကြ၏...။

"ကဲ..ပြီးပါပြီဗျာ..."

အခန်းတံခါးကိုဖွင့်လိုက်တာနှင့်အပြင်ဘက်မှာ
စူပုတ်ပုတ်မျက်နှာလေးတွေဖြင့်ရှိနေကြတဲ့
အသည်းကျော်နှစ်ယောက်....။

"ဒယ်ဒီကလည်း​အလှပြင်တာကြာလိုက်တာ..."

"အင်းလေ...ခေတ်တို့စောင့်နေရတာအကြာကြီးပဲ
ဟွန့်...."

"Sorryပါဗျာ...ဒယ်ဒီအင်္ကျီရွေးနေတာနည်းနည်း
ကြာသွားလို့ပါစိတ်မကောက်ကြနဲ့နော်..."

နူတ်ခမ်းစူနေတဲ့သမီးနှစ်ယောက်ကို
မျက်နှာချိုသွေးချော့မော့ရင်းလက်တစ်ဖက်ဆီဆွဲကာ
ထွက်လာခဲ့ရတော့သည်။

~~~~~~~~~~~~~~~~~~~💕💕💕

လေဆိပ်ကိုရောက်တော့လေယာဉ်ဆိုက်မဲ့အချိန်နဲ့
ကွတ်တိဖြစ်နေပြီးသိပ်မကြာခင်မှာပဲ
ထွက်လာကြတဲ့လူတွေထဲသူမနဲ့ဆုမြတ်ကို
မြင်လိုက်ရ၏...။

"မာမီ...အန်တီဆုမြတ်...."

အမေကိုမြင်တာနှင့်အမြွှာနှစ်ကောင်က
အားရဝမ်းသာပြေးဖက်သည်။

"လွမ်းလိုက်ရတာအသည်းလေးတွေရယ်..."

တရွတ်ရွတ်အနမ်းပေးရင်းအပြန်အလှန်
အလွမ်းသယ်နေကြတဲ့သားအမိတွေကိုကြည့်ပြီး
စစ်ကတော့လက်ပိုက်လျက်ဘေးထွက်ရပ်နေရတာက
မအီမလည်အပြုံးနှင့်ဖြစ်သည်။

သားအဖတွေလွမ်းနေရတာချင်းတူပေမဲ့ကိုယ်က
လူတွေကြားထဲကလေးတွေလိုပြေးဖက်ပြီး
နမ်းလို့ရတာမှမဟုတ်ဘဲ....။

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now