part.45 ( uni & zawgyi )

7.3K 266 13
                                    

💛နှလုံးသားကိုချည်တဲ့နှောင်ကြိုး💛

       အပိုင်း(၄၅)
    ~~~~~~~~~

မထင်မှတ်ဘဲအးချမ်းနေတဲ့စစ်နဲ့သူမရဲ့
ဘဝလေးထဲကိုမုန်တိုင်းတစ်ခုဝင်ရောက်မွှေနှောက်
ခဲ့အပြီးမှာတော့တဖြေးဖြေးနဲ့အရာအားလုံးက
ုပြန်လည်တည်ငြိမ်စပြုလာခဲ့၏....။

မုန်တိုင်းပြီးရင်မိုးကောင်းကင်ကြီးကပြန်လည်
ကြည်လင်လာစမြဲဆိုပေမဲ့..ရုတ်တရပ်ကြီး
တန်ဖိုးထားရတဲ့မိသားစုဝင်တစ်ယောက်ကို
ဆုံးရူံးခဲ့ရတဲ့သူမရင်ထဲကနာကျင်မူ့တွေကတော့
တစ်ရက်နှစ်ရက်နဲ့ပျောက်ပျက်သွားနိုင်တဲ့
ဝေဒနာမဟုတ်ဘူးဆိုတာလည်း​စစ်အသေအချာ
သိနေခဲ့ပါသည်....။

သို့ပေမဲ့ဘယ်အခြေအနေပဲဖြစ်ဖြစ်
စစ်အပေါ်မပြောင်းလဲဘဲနားလည်ပေးနိုင်ခဲ့တဲ့
သူမရဲ့ဖြူစင်မူ့လေးကတော့ရှာမှရှားလှတဲ့
တန်ဖိုးတစ်ခုပါပဲ....။

~~~~~~~~~~~~~~~~~~~~💕💕💕

ဒီညကောင်းကင်ယံမှာကြယ်ရောင်ကင်းမဲ့နေလျက်
.မိုးနံ့ပါတဲ့လေအေးတွေကဝန်းကျင်အနံ့ကလူကျီစယ်တိုးဝှေ့နေ၏....။

အဖွားရဲ့ဈာပနပြီးသွားတဲ့အချိန်ကစပြီး
နှစ်ယောက်စလုံးဆေးရုံမှာကုသမူ့တွေ
ဆက်လက်ခံယူခဲ့ရပြီးအခုတော့နှစ်ယောက်လုံး
ဆေးရုံကပင်ဆင်းလာခဲ့ရပြီဖြစ်သည်။

လဝက်နီးပါးခွဲခွာခဲ့ရတဲ့နှစ်ယောက်ကမ္ဘာတည်ရာ
အချစ်အိမ်လေးကတော့ဘယ်အချိန်ပဲဖြစ်ဖြစ်
စစ်နဲ့သူမအတွက်နွေးထွေးမူ့တွေနဲ့ကြိုဆိုနေခဲ့စမြဲပါ။

စစ်...ထိုညကတစ်အိမ်လုံးကိုအမှောင်ချပြီး
သူမအတွက်ရောင်စုံဖယောင်းတိုင်လေးတွေကို
နေရာအနှံ့ထွန်းညှိပေးဖို့စီစဉ်ထားခဲ့တယ်...။

တခြားကဗျာဆန်ဆန်လှပတဲ့အပြင်အဆင်
လေးတွေနဲ့ပေါ့.....။

"ဟင်..."

အခန်းထဲတံခါးဖွင့်လို့အိမ်ထဲကိုခြေချလိုက်တာနှင့်
အံ့ဩမှင်သက်သွားတဲ့သူမကတဆတ်ထဲ
စစ်ကိုစိုးရိမ်တကြီးလှည့်ကြည့်လာခဲ့၏...။

"ဦးစစ်​...မီး...."

စစ်...သူမရဲ့ပူပန်မူ့ကိုနားလည်သဘောပေါက်စွာနဲ့ပဲ
ပြုံးပြလိုက်မိရင်း...သူမရဲ့ပါးပြင်နွေးနွေးလေးကို
ဖွဖွအုပ်ကိုင်ပွတ်သပ်လိုက်သည်။

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now