part.47 ( uni & zawgyi )

6.6K 232 6
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

       အပိုင်း(၄၇)
   ~~~~~~~~~

"ဘယ်​.ဘယ်​လို..ကိုယ်​ကမင်းကိုမိုက်​ကယ်​ဂျက်​ဆင်​လို
ကပြရမယ်​ဟုတ်​လား...."

"အင်း..."

စစ်​ရဲ့အလန့်တကြားအ​မေးကိုသူမကအားရပါးရ​လေး
​ခေါင်းငြိမ့်ပြ၏...။

"အဲ့​လောက်​ထိ​တော့ကိုယ့်ကိုမရက်​စက်​ပါနဲ့
မိန်းမရယ်​...ကိုယ်​တစ်​ကယ်​မကတတ်​ဘူး..."

"ဟွင်း...ဦးစစ်​ကလည်း​ဘာခက်​တာမှတ်​လို့...
Moon walker​လေ..လ​ပေါ်လမ်း​လျှောက်​တဲ့
အကွက်​​လေးနည်းနည်း​လောက်​ပဲကပြ....
​နော်​...​နော်​...."

လက်​​မောင်းကိုအတင်းလူပ်​ရမ်းပြီး​ခေါင်း​လေး​မော့လျက်​
ချစ်​စဖွယ်​​တောင်းဆို​နေ​ပေမဲ့စစ်​မှာ​တော့
​ချွေး​စေး​တွေပင်​ပြန်​လာရ​ချေပြီ....။

"မကတတ်​ပါဘူးဆိုကွာ...ကိုယ်​ကအင်​တာတိန်းမန့်
ကုမ္ပဏီ​ထောင်​ထား​ပေမဲ့အနုပညာအလုပ်​
ဘာမှလုပ်​တတ်​တာမဟုတ်​ဘူး...မိန်းမက
လိမ္မာပါတယ်​...မရစ်​နဲ့ကွာ​နော်​..."

"ဘာ..ဘာ​ပြောတယ်​...ဦးစစ်​ကဝတိံကို
ရစ်​တယ်​လို့မြင်​​နေတာ​ပေါ့​လေဟုတ်​လား...."

"ဟာ..မ.မဟုတ်​...."

"ဘာမဟုတ်​တာလဲ...ဗိုက်​​တောင်​မပူရ​သေးဘူး...
ရှင်​ကအခုထဲကဝတိံကိုစိတ်​ကုန်​​နေပြီ​ပေါ့...
အီး...ဟီး...."

စစ်​ရှင်းပြမဲ့စကားပင်​မဆုံးလိုက်​သူမက
မျက်​လုံးစုံမှိတ်​ကာထငိုပါ​တော့သည်​။

"ဟိတ်​..မငိုရဘူး​လေကွာ...ကိုယ်​ကအဲ့လို
​ပြောတာမဟုတ်​ပါဘူး..."

"ဘာမဟုတ်​တာလဲ...အဲ့လိုပဲ​ပြောပြီး​တော့
ဗြဲ...."

ရှင်းမရတဲ့အဆုံးစစ်​...မီး​တောက်​သွားတဲ့
​ခေါင်းကိုတဗြင်းဗြင်းကုတ်​လိုက်​မိသည်​။
သူမက​တော့မျက်​နှာကိုလက်​နှစ်​ဖက်​နှင့်အုပ်​ပြီး
ငို​ကောင်း​နေဆဲ....။

ရှိသမျှဘုရား​တွေလည်း​ဒီတစ်​ခါ​တော့စစ်​ကို
မကယ်​နိုင်​ကြ​​တော့ဘူးထင်​၏....။

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now