part.21 ( uni & zawgyi )

7.5K 259 13
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

          အပိုင်း(၂၁)
      ~~~~~~~~~~

"ဘာရယ်...​ဘေဘီဆွိတီဟုတ်​လား...ဟွန့်
သူ့ရဲ့ဘယ်​နှစ်​​ယောက်​​မြောက်​အဆက်​​ဟောင်းကို
​ခေါ်တဲ့နာမည်​လဲ...ဒီလူကြီးက​တော့....
​ဆေးများမှား​သောက်​ထားလားမသိဘူး....."

ဝတိံဖုန်းကိုချပစ်​လိုက်​ပြီးသည့်တိုင်​​မွေရာ​ပေါ်မှာ
မ​ကျေမနပ်​နှင့်ထိုင်​​နေရင်းပွစိပွစိ​ပြော​နေခဲ့မိ၏...၊
ထိုအချိန် လက်​ထဲမှာကိုင်​ထားတဲ့ဖုန်းက
ထမြည်​လာ​ပြန်​တာမို့ဝတိံကြည့်လိုက်​​တော့
အိမ်​ကဖြစ်​​နေ၏...။

"ဟဲလို...အ​မေ...."

"........."

"ဟုတ်​...ဝတိံအခုပဲအိမ်​ကထွက်​လာ​တော့မှာ..."

".........."

"ဝတိံအဘွားအတွက်​ဘာဝယ်​ခဲ့ရဦးမလဲ...."

"........."

"အင်း...အင်း...ဒါဆိုဝတိံခဏ​နေ​ရောက်​မယ်​...
ဒါပဲ​နော်​အ​မေ..."

ဝတိံဖုန်းချလိုက်​ပြီး​နောက်​သူ့ကိုဆက်​ပြီးစိတ်​တိုဖို့
အချိန်​မရ​တော့ဘဲ..အဝတ်​အစားလဲရန်​
ထိုင်​ရာက​နေကသုတ်​ကရိုက်​​လေး
ထလာခဲ့ရ​တော့၏....။

❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿

"အစ်​ကို​လေး..၅နာရီထိုး​တော့မယ်​ရုံးမဆင်း​
​သေးဘူးလားခင်​ဗျ...."

ဒီရက်​ပိုင်းရုံးကိုအချိန်​မှန်​မှန်​ဆင်းပြီးအိမ်​ကို
၆နာရီမထိုးခင်​​ရောက်​​အောင်​ပြန်​တတ်​တဲ့
အစ်​ကို​လေးအ​ကြောင်းကိုသိ​နေတာ​ကြောင့်
စိုင်းရန်​သတိ​ပေးသလို​ပြောလိုက်​မိလျှင်​
စစ်​ကလက်​ကနာရီကိုတစ်​ချက်​ပင့်ကြည့်ရင်း...၊

"ဟုတ်​သားပဲ...ငါရုံးဆင်း​တော့မယ်​...
မင်းလည်း​က်ို​ယ့်အစီစဉ်​နဲ့ကိုယ်​ပြန်​လိုက်​​တော့...."

​ပြောရင်းချက်​ချင်းပင်​လုပ်​လက်​စ​တွေကို
လက်​စသတ်​ကာ..စစ်​Laptopကိုပိတ်​ပြီး
ထိုင်​ရာက​နေထရပ်​သည်....ပြီး​တော့အင်္ကျီချိတ်​စင်​
​ပေါ်ကအ​ပေါ်ထပ်​ကုတ်​အင်္ကျီကိုဖြုတ်​ယူပြီး
စားပွဲ​ပေါ်ကLaptopကို​ယူလိုက်​သည်​။

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now