part.4 ( uni & zawgyi )

7.4K 203 10
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

          အပိုင်း(၄)
        ~~~~~~~~

"မင်းနာမည်​ဘယ်​သူလဲ....."

"တာဝတိံသာပါ...."

ဆန်းပြားလှတဲ့အမည်​တစ်​ခုမှာ.....စစ်​,ရဲ့မျက်​ခုံးတန်း​တွေ
တွန့်ချိုးကျသွားခဲ့ရလျှင်​.....ဆံပင်​ဖရိုဖရဲ​နှင့်​သူမက
အ​ရှေ့မှာကျုံ့ကျုံ့​လေးရပ်​​နေရင်းမှမျက်​လွှာ​လေး
ပင့်ကာစစ်​ကိုခိုးကြည့်လာ၏......၊

စစ်​,ကိုယ်​တိုင်​လဲဆိုဖာမှာ​ခြေချိတ်​ထိုင်​​နေရင်းမှ
တဆစ်​ဆစ်​နာ​နေတဲ့​ခေါင်းက​ဝေဒနာ​ကြောင့်
ပါတ်​တီးစည်းထားတဲ့ဒဏ်​ရာကိုလက်​ဖ​နောင့်နှင့်
အသာဖိလိုက်​ရင်း.....၊

"ကဲ...​ပြောပါဦးငါ့ဟိုတယ်​ခန်းထဲထိ...တကူးတက
ဝင်​လာပြီးငါ့​ခေါင်းကိုရိုက်​ခွဲပစ်​ရတဲ့အ​ကြောင်း
အရင်း​လေး...."

"ရှင်​....."

ထိုစကား​ကြောင့်ဝတိံမျက်​လုံးပြူး​လေးနှင့်
ဟိုတယ်​မန်​​နေဂျာ​ဘေးမှာရပ်​​နေတဲ့ဆုမြတ်​ကို
လှမ်းကြည့်လိုက်​ပြီးမှသူ့ကိုမရဲတရဲ​လေး
ပြန်​ကြည့်မိပြန်​ကာ...၊

"ဟို...ဝတိံရှင့်​ခေါင်းကိုရိုက်​ခွဲတာမဟုတ်​ပါဘူး...."

"ဘာကွ!....မင်းကငါ့​ခေါင်းကိုရိုက်​ခွဲတာမဟုတ်​ဘူး
ဆို​တော့...ဘယ်​သူ့​ခေါင်းကိုရိုက်​ခွဲလိုက်​တာလဲ....
ဟမ်​...အခုငါ့​ခေါင်းကဒဏ်​ရာကအတုလား...."

အဆီအ​ငေါ်မတည့်တဲ့သူမစကား​ကြောင့်
စစ်​...​ဒေါသထွက်​သွားရကာ​လေသံခပ်​ဆတ်​ဆတ်​နှင့်
​ထရပ်​လိုက်​မိလျှင်​သူမကလက်​နှစ်​ဖက်​ကို
အသည်းအသန်​ယမ်းကာပြရင်း....၊

"ဝတိံ​ပြောတာအဲ့လိုမဟုတ်​ပါဘူး....ဝတိံက​လေ
ရှင့်​ခေါင်းကိုအဲ့လိုရိုက်​ပစ်​ဖ်ို့မရည်​ရွယ်​ဘူးလို့
​ပြောတာပါ..."

"မင်းကငါ့​ခေါင်းကိုရိုက်​ပစ်​ဖို့မရည်​ရွယ်​ဘူးဆို​တော့
ဘယ်​သူ့​ခေါင်းကိုရိုက်​ပစ်​ဖ်ို​ရည်​ရွယ်​တာလဲ
​ပြောစမ်းပါဦး...."

"အဲ့ဒါက​လေ...ဝတိံအခန်း.အခန်းမှားတာပါ
ဝတိံရှင့်ကိုလဲမသိပါဘူး...ရှင်​စဉ်​စားကြည့်​လေ
ကိုယ်​နဲ့မသိတဲ့လူတစ်​​ယောက်​ကိုဝတိံကဘာလို့
အသားလွတ်​​ခေါင်းရိုက်​ခွဲရမှာလဲ..မဟုတ်​ဘူးလား..."

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now