part.16 ( uni & zawgyi )

7K 232 12
                                    

💛နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💛

          အပိုင်း(၁၆)
      ~~~~~~~~~~

"ဟင့်...ဟင့်...."

​ဆေးရုံကုတင်​​ပေါ်မှာ​ခြေဆင်းလျက်​​ခေါင်းအုံးကို
​ကျောမှီထိုင်​ပြီးဝမ်းပမ်းတနည်းနဲ့ငို​ကြွေး​နေတဲ့
ဝတိံကိုသူကခပ်​​အေး​အေးပင်​ထိုင်​ကြည့်​နေခဲ့၏..။

လက်​တစ်​ဖက်​က​ဆေးသွင်းအပ်​တန်းလန်းနှင့်မို့
ကျန်​​တဲ့လက်​တစ်​ကမျက်​ရည်​​တွေကိုသုတ်​​နေ
ရတာနဲ့မအားလပ်​နိုင်​ရှာခဲ့....ထို့အပြင်​မျက်​ရည်​​တွေ
​နှာရည်​​တွေသုတ်​ထားတဲ့တစ်​သျူး​တွေကလည်း
ကုတင်​​ပေါ်မှာအပုံလိုက်​ရှိ​နေပြန်သည်​။

"ဘယ်​အချိန်​ထိငို​နေဦးမှာလဲ...မင်းမ​မောဘူးလား..."

စစ်​,သူမကိုဒီအတိုင်းထိုင်​ကြည့်​နေရာမှ...
ပထမဆုံးစကားဟလိုက်​တာနှင့်မျက်​ရည်​လည်​ရွဲနဲ့
မျက်​နှာ​လေးကစစ်​ကို​မော့ကြည့်လာခဲ့ရင်း...၊

"ဝတိံ​ယောကျာင်္းမယူချင်​ဘူး...အဲ့ဒါ​ကြောင့်
ရှင့်ကိုလုံးဝလက်​မထပ်​နိုင်​ဘူး...."

"ငါလည်း​မိန်းမမယူချင်​ပါဘူး...."

"ဒါဆို...ရှင်​ဘာလို့ဝတိံကိုလက်​ထပ်ဖို့​ပြော​နေရတာလဲ..."

"မင်းကိုကျ​တော့...ငါကမိန်းက​လေးလို့မမြင်​လို့​လေ..."

"ဘာ​ပြောတယ်​...ရှင်​..."

ဝတိံသူ့စကား​ကြောင့်ဝမ်းနည်း​နေတဲ့ကြားက
စိတ်​ကိုသွားရကာသူ့ကိုလှမ်းပြီးထုရိုက်​ရန်​
လက်​တစ်​ဖက်​​မြောက်​သွားခဲ့တာနှင့်သူက
ထိုလက်​ကိုဖမ်းဆုပ်​လိုက်​ပြီးထိုင်​ခုံ​ပေါ်ထိုင်​​နေရာက​နေ
ဝတိံရှိတဲ့ကုတင်​​ပေါ်ကို​စွေ့ခနဲ​ရောက်​လာခဲ့၏...။

"မင်းကငါ့ကိုလက်​မထပ်​ချင်​လို့လား...."

"အင်း...."

သူမကမဆိုင်းမတွနှင့်​ခေါင်း​လေးငြိမ့်ပြသည်​။

"ဘာလို့လဲ...."

စစ်​,ထပ်​​မေးလိုက်​ပြန်​​တော့..သူမကမျက်​​တောင်​​လေး
တစ်​ချက်​နှစ်​ချက်​ပုတ်​ခတ်​သွားရင်း....

💕နှလုံးသားကိုချည်​တဲ့​နှောင်​ကြိုး💕 [ Completed ]Where stories live. Discover now