💛နှလုံးသားကိုချည်တဲ့နှောင်ကြိုး💛
အပိုင်း(၁၈)
~~~~~~~~~~ညနေ၃နာရီလောက်မှာpre weddingအတွက်
ရိုက်ကူးမူ့အားလုံးပြီးစီးသွား၍ဝတိံဆုမြတ်
အကူအညီနဲ့အဝတ်အစားလဲပြီးပြန်ဖ်ို့ပြင်ဆင်နေတုန်း
သူကအနားကိုရောက်လာခဲ့၏....။"မင်းသူငယ်ချင်းကိုပြန်ခိုင်းနှင့််လိုက်တော့...
ငါမင်းကိုခေါ်သွားရမဲ့နေရာတစ်ခုရှိတယ်.....""ဘယ်ကိုလဲဟင်...."
"ဟိုရောက်ရင်...သိရမှာပေါ့.."
သူကထိုစကားအပြင်ဘာမှထပ်မပြောတော့
ဝတိံလည်းဘာမှမမေးဖြစ်တော့...၊ထို့နောက်Wedding dressကိုဆုမြတ်နဲ့ပြန်ထည့်
ပေးလိုက်ပြီးဝတိံသူ့ကားနဲ့လိုက်လာခဲ့ရသည်။❤◦.¸¸. ◦✿❤◦.¸¸. ◦✿
စတူဒီယိုကနေ၄၅မိနစ်လောက်မောင်းလာခဲ့ပြီး
သူဝတိံကိုခေါ်လာခဲ့တာကရန်ကုန်မြို့လယ်ခေါင်ရှိ
အဆင့်မြင့်Condo,ဝင်းကြီးတစ်ခုထဲကို
ဖြစ်နေခဲ့၏...၊"ဒီနေရာက...."
"မင်္ဂလာပွဲပြီးရင်ငါတို့နှစ်ယောက်နေဖို့စီစဉ်ထားတဲ့
နေရာလေ...."သူကပြောပြီးကားပေါ်ကဆင်းသွားတာမို့
ဝတိံခါးပါတ်ကိုဖြုတ်ကာကပျာကယာလေး
ကားပေါ်ကဆင်းလိုက်ရပြန်သည်။ဝတိံဒီနေရာကိုကြော်ငြာတစ်ချို့မှာခဏခဏတွေ့ဖူးတယ်
ဒီအထပ်မြင့်ကွန်ဒိုဝင်းကြီးကနာမည်ကျော်
ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုကတည်
ဆောက်ထားတဲ့နေရာတစ်ခုပဲလေ....
ဒီနေရာမှာကတစ်ကယ်ကိုငွေကြေးတတ်နိုင်တဲ့သူတွေနဲ့
နိုင်ငံခြားသားလုပ်ငန်းရှင်တစ်ချို့သာနေထိုင်ကြ
တာကြောင့်လုံခြုဲရေးစနစ်ကလည်းကောင်းမွန်လှသည်။သူဝတိံကိုခေါ်လာတဲ့အခန်းကကွန်ဒိုကြီးတစ်ခုလုံးရဲ့
အပေါ်ဆုံးအခန်းဖြစ်၏...Condoက
အပြင်ပိုင်းကြည့်ရုံနဲ့တင်အဆင့်မြင့်တာမဟုတ်
အတွင်းပိုင်းdecorationအပြင်အဆင်တွေကလည်း
အတော်ကိုခမ်းနားလှပကာ...အတော်လည်းကျယ်ဝန်းလှ၏
ဒါ့အပြင်အစည်ကားဆုံးမြို့လယ်ခေါင်လိုနေရာမှာမို့...
အပေါ်စီးကနေကြည့်ရင်တစ်မြို့လုံးကရူခင်းတွေကို
စီးမိုးမြင်နေရတာကလည်းအရမ်းလှသည်။
YOU ARE READING
💕နှလုံးသားကိုချည်တဲ့နှောင်ကြိုး💕 [ Completed ]
Romance💕 ဒိတ်ဒိတ်ကြဲပရိုဂျူဆာကိုလူချောနဲ့....ဒီဇိုင်နာဖြစ်ချင်တဲ့အိပ်မက်တွေကိုသယ်ပိုးထားတဲ့ကောင်မလေးတစ်ယောက်ရဲ့...အလွဲများနဲ့အစပြုခဲ့တဲ့ဖူးစာရေစက်.....၊ 💕 နာမည်ကျော်မော်ဒယ်မင်းသမီးတွေကိုထည်လဲတွဲကာအချစ်ကိုကစားစရာတစ်ခုလိုသဘောထာ...